Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီက စစ်ရှောင်အိမ်တွေမီးရှို့တဲ့ စစ်တပ်စစ်ကြောင်း KNLA ပူးပေါင်းတပ်တိုက်ခိုက်

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

(တနင်္သာရီမြို့နယ် သဲဖြူကျေးရွာက စစ်ဘေးရှောင်တွေ နေအိမ် စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District)

‎ဩဂုတ် ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

‎‎တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် သဲဖြူကျေးရွာက စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာ မီးရှို့ဖျက်ဆီးခဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

‎ဩဂုတ် ၁၇ရက်မှာ အာဏာသိမ်းစစ်တပ်ဟာ မဲ့ဝါးခီး(သဲဖြူချောင်းဖျား)က စစ်ရှောင်ပြည်သူများ နေထိုင်ရာနေရာ ဝင်ရောက်ပြီး နေအိမ်(၄)လုံး မီးရှို့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားတဲ့အပေါ် သတင်းရင်းမြစ်ကအခုလို ရှင်းပြတာပါ။

‎အဲဒီစစ်ကြောင်းက မီးရှို့ဖျက်စီးပြီးတဲ့နောက်ပိုင်း ပြန်လည်ဆုတ်ခွာစဉ် KNLA ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်မှာ ၁ကြိမ်၊ ၂၀ရက်မှာ ၁ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

‎”မီးရှို့ဖျက်စီးပြီးပြန်လာတဲ့လမ်း တစ်နေရာမှာ စကစလေးယောက်ဒဏ်ရတယ်။ ဒဏ်ရာရတဲ့အထဲမှာပိုကြီးအဆင့်ရှိတဲ့တပ်ခွဲမှူး တယောက်လည်းထိခိုက်တယ်။”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

‎KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ် စစ်ကြောင်း‎ဟာ မဲ့ဝါးခီးစစ်ရှောင်ပြည်သူများရဲ့ ‎နေအိမ် (၄) လုံး၊ ပြည်သူပိုင် ပစ္စည်းများနဲ့ စားနပ်ရိက္ခာများ၊ စပါး (၁၅၀) တင်းနှင့် ပြည်သူပိုင် ဆိုင်ကယ် (၅) စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

‎”သယ်လို့ရတဲ့ဟာတွေကျသူတို့သယ်သွားတယ်။သယ်လို့မရတဲ့ဟာတွေကျတော့ အကုန်လုံးမီးရှို့ဖျက်စီးတယ်အဲဒီလိုမျိုး” လို့ ဒေသခံသသတင်းရင်းမြစ်ကပြောပါတယ်။

‎သဲဖြူကျေးရွာ ဒေသခံတွေဟာ ဒေသတွင်းစစ်ရေးအခြေအနေတွေကြောင့် လွန်ခဲ့တဲ့ ၁နှစ်ကျော်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

Facebook