ဩဂုတ်၂၇၊၂၀၂၆၊ရှိန်း/ People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၇ ရက် ဒီနေ့၊ နေ့လည်ပိုင်းမှာ ကြက်တူရွေး ကျေးရွာကို သဲအင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဝင်ရောက် မီးရှို့သွားတာလို့ သိရပါတယ်။
“စာသင်တဲ့ နေရာနဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်ကတဲ တွေထင်တာပဲ။အဲဒီနေရာ တွေကိုရှို့သွားတယ်။တိုက်ပွဲတွေ၊ပစ်တာ ခတ်တာတွေ မရှိဘဲ မီးသီးသန့်ဝင်ရှို့သွားတာ”လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က ဒရုန်းနဲ့ ကျေးရွာအတွင်း ဗုံးကြဲတာ ကြောင့် လူသေဆုံးမှု တွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေက ကျေးရွာအတွင်းကနေ တိမ်း ရှောင်နေကြတာမို့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
“ဒီရက်ပိုင်း ရွာသားတွေက ရွာထဲဝင်ပြီး ကိုယ့်နွားတွေကို ကိုယ်ပြန်ရှာကြတယ်။ပြီးတော့ နွားတွေကို စစ်ရှောင်တဲ့ဘက်ကူးကြတာရှိတယ်။အဲတာတွေ လုပ်တာမြင်ပြီးပဲလာရှို့လားမသိဘူး”လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကြက်တူရွေးကျေးရွာကို ၂၀၂၁စစ်အာဏာသိမ်းပြီးကတည်းက မကြာခဏ စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့လေ့ရှိပြီး ၂၀၂၃ခုနှစ်မှာရွာလုံးကျွတ်မီးရှို့ခဲ့သလို ယခုတကြိမ်မီးရှို့တာဟာ ၁၁ကြိမ်မြောက် မီးရှို့ခြင်းဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။


















































