Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ်က လယ်ကွင်းထဲကတောင်သူတွေပါ ပေါ်တာဆွဲ၊ ၁ဦး ဖမ်းဆီးခံရ

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၈၊၂၀၂၆။ဟာနာဆန်/People’s Spring

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၇ ရက် နေ့လယ် ၁နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်း ရွာတွေဘက်ရှိ လယ်ကွင်းတွေထဲကို ပင်းတလဲကျေးရွာဘက်က စစ်သားတွေ ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီနောက် စစ်သားတွေဟာ လယ်စိုက်၊ ပျိုးနုတ်နေကြသူတွေအပါအဝင် လယ်ကွင်းတွေထဲ တွေ့သမျှ လူငယ်တွေကို ပေါ်တာလိုက်ဆွဲလို့ ကောက်စိုက်သမတွေနဲ့ လယ်ကွင်းထဲရှိတဲ့လူတွေအကုန် ထွက်ပြေးခဲ့ကြရကြောင်း ဝမ်းတွင်းနယ်မြေပြင်သတင်းတွေဖော်ပြနေတဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။

အဲဒီနောက်မှာတော့ ပျိုးနုတ်နေတဲ့အထဲက လူငယ် ၁ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ၎င်းအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပေါ်တာကခုရက်ပိုင်းနေ့တိုင်းဆွဲနေတယ်”လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လယ်ယာလုပ်ငန်းခွင်တွေအထိပေါ်တာလိုက်ဆွဲနေလို့ လူငယ်တွေ တောင်သူအလုပ်ပစ်ထားကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း နဘဲကန်ကျေးရွာမှာ အလုပ်လာလုပ်တဲ့ လက်ပက်ကုန်းရွာသား လူငယ် ၂ဦး၊ ကန်ပတ်လည်ရွာနဲ့ မင်းကန်ရွာက လူငယ်၂ဦး၊ ၂၄ ရက်က ဆုံကုန်းရွာက လူငယ် ၁ ဦး ဖမ်းဆီးခံလိုက်ရပြီး သတင်းမရတဲ့ ဖမ်းဆီးခံရမှုတွေလည်းရှိနေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

အလားတူ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာလည်း စစ်မှုထမ်းဆင့်ခေါ်တာတွေ၊ ပေါ်တာဆွဲတာတွေ အရင်ကထက်ပိုမို ပြုလုပ်နေပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

သတင်း

အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။