Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ၆ နှစ်ခန့်အတွင်းပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရ

စစ်တပ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ပြောပါတယ်။

အောက်တိုဘာ-၂၂၊၂၀၂၆။တေဇ/People’s Spring

စစ်တပ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ပြောပါတယ်။

“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင်အဓိပ္ပာယ်ရှိပါတယ်။”လို့ ကင်မ် က သူ့ရဲ့ခံစားချက်ကိုဒီနေ့(အောက်တိုဘာ ၂၂) နေ့လယ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကင်မ်က မိခင်ဖြစ်သူနဲ့ ဆက်သွယ်ခွင့်အပါအဝင် မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ Free Her ကမ်ပိန်းကို ပြုလုပ်နေတာပါ။

Public Service Announcement

Public Service Announcement

“မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော်ယုံကြည်ပါတယ်။မေမေ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြပါ။”လို့ ကင်မ်ကဆက်လက်တောင်းဆိုထားပါတယ်။

လက်ရှိအချိန်အထိ အသက် ၈၁ နှစ်အရွယ်မိခင်က မတရားဖမ်းဆီးခံ‌နေရဆဲဖြစ်ပြီး မိခင်နဲ့တစ်ကြိမ်စကားပြောခွင့်ရတာ မိသားစုနဲ့ ပုံမှန် ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ဆက်သွယ်ခွင့် ရတာကလည်း လွတ်မြောက်ခြင်းမဟုတ်ဘူးလို့ ကင်မ်က ပြောထားပါတယ်။

“မေမေ့ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်အပေးအယူလုပ်ရာမှာ အသုံးမချသင့်ပါဘူး။အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့ ဗြိတိန်အစိုးရနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးကို မေတ္တာရပ်ခံပါတယ်။မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရပါမယ်။ လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စ မဟုတ်ပါဘူး။” လို့ ကင်မ်က တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီနေ့ဆိုရင် ရက်ပေါင်း ၂၀၉၀ ပြည့်( ၅ နှစ် နဲ့ ၉ လနီးပါး) မြောက်ခဲ့ပါပြီ။

ဆက်စပ်သတင်းများ

သတင်း

သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ခားစ်ဘုရင်ဆီကပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကိုလက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်လာပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။

သတင်း

Forum 2000 ရဲ့ ရဲစွမ်းသတ္တိနဲ့တာဝန်ယူမှုဆိုင်ရာနိုင်ငံတကာဆုက မြန်မာပြည်သူတွေ လက်မလျော့သေးဘူးဆိုတာ ကမ္ဘာကိုသတိပေးလိုက်တာလို့ ကင်မ်အဲရစ်ပြော