အောက်တိုဘာ-၂၂၊၂၀၂၆။ကတ်သရင်း၊ဟာနာဆန်/ People’s Spring
စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နုံးတွင်းခြေတော်ရာအမြောက်တပ်ကနေ တဆင့် အုန်းတော ၆၀၀၅တပ်ကို လာ ရောက်စစ်ဆေးတဲ့ ဗိုလ် မှူးကြီးဇော်မျိုးတင့်ကိုစစ်တပ်ဘက်ပူးပေါင်းသွားတဲ့သူတွေနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့သတင်း ပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ၁၈ ရက်၊ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“သူတို့လက်အောက်ခံတပ်ရင်းဖြစ်တဲ့အုန်းတော ၆၀၀၅ အမြောက်တပ်ကတပ်ရင်းမှူးနဲ့ လက်အောက်ငယ်သားတွေဂိတ်ဖွင့်ပြီး ဆက်ကြေးကောက် အကျင့်ပျက်ခြစားတယ်ဆိုပြီး တိုင်ခံရလို့ သူကိုယ်တိုင်သွားရောက် စစ်ဆေးပြီး အပြန်မှာ စောင့်ပြီး ဖမ်းခဲ့တာ”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
နှုန်းတွင်းရွာအနီးက တပ်ဟာ သစခ-၇၂ တပ်ဖြစ်ပြီး ဗိုလ်မှူးကြီး ဇော််မျိုးတင့်ဟာ ဒုတိယတပ်ရင်းမှူးဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပေမယ့် လူထုနွေဦး အနေနဲ့သူရဲ့ရာထူးနဲ့အဆင့်ကိုသီးခြားအတည်မပြုနိုင်သေးပါဘူး။
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ ပြန်တမ်းဝင်အရာရှိကတ်မှာ သူ့ရဲ့ ပြန်တမ်းဝင်အမှတ် က ကြည်း-၂၉၄၅၈ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက်အောက်တိုဘာလ၁၉ ရက် နေ့မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ပစ်ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုဖြစ်နေစဥ်ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
“ကျွန်တော်တို့ကMOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီက နေပြီး တော့ ခြေလျင်စစ် ကြောင်းဝင်ဖို့ ဝေဟင်က နေပြီး တော့Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော် တွေကိုင် ဆောင်ထားတဲ့ သေနတ်ကို လုယူထွက် ပြေးဖို့ကြိုးစား တာ ကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ”လို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းမြို့နယ်အ နောက်ခြမ်းက ကျေးရွာတွေ ကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြုလုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အောက်တိုဘာလ၁၉ ရက်နေ့က ကုန်းတန်း လေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ယ နေ့အထိ ဒီအနီးနား ကျေးရွာ တွေကို စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာအကြမ်းဖက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်မှာလည်း စစ်ကိုင်းမြို့ အနောက်ခြမ်း ညောင်ကုန်းရွာကနေထွက်လာပြီး စစ်ကြောင်းထိုးနေကြောင်း၊နောက်ကြည့်ကျွန်းရွာ အရှေ့ကုန်းကနေ ရိပ်သာကျွန်းရွာကိုလည်း နောက်ချန်အင်အားတွေ ထပ်မံဝင်ရောက်လာကြောင်း ဒေသခံတွေက ပြောပါတယ်။




















































