Connect with us

Hi, what are you looking for?

သတင်း

ICJ မှာမြန်မာကိုတရားစွဲဆိုမှု လာမယ့်အောက်တိုဘာလမှာဆုံးဖြတ်ချက်ချဖွယ်ရှိ

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

(မြန်မာစစ်တပ်က ၂၀၁၇ သြဂုတ်လ ၂၅ ရက်မှာနယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့တာ​ကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေးခဲ့ရတဲ့ ၉ နှစ်ပြည့်နှစ်ပတ်လည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကရိုဟင်ဂျာ​တွေကဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-EPA )

သြဂုတ်-၂၉၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဂမ်ဘီယာအစိုးရရဲ့ ရှေ့နေချုပ်နဲ့ တရားရေး ဝန်ကြီးဖြစ်သူ ဒေါ်ဒါ အယ်ဂျယ်လိုက ICJ အဆုံးအဖြတ်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ် ဆိုတာကို မှတ်ချက်ပေးခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် မြန်မာ အာဏာပိုင်တွေက လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း စွပ်စွဲပြီး ICJမှာ အမှုဖွင့်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဩဂုတ် ၂၇ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟူမိုင်ယွန် ကိုဘာနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျာဒါးမြို့မှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ညီလာခံ တက်ရောက်ရင်း တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဟာမြန်မာဖက်ကထွက်ပြေးလာတဲ့ရိုဟင်ဂျာ မျိုးနွယ်စု အများအပြား ခိုလှုံနေတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ICJဆီက ထွက်ပေါ်လာမယ့် အဆုံးအဖြတ်ဟာ ရိုဟင်ဂျာ အကျပ်အတည်းကို ရေရှည်ပြေလည်စေမယ့်အဖြေတစ်ခုရှာဖွေဖို့အရေးကြီးတဲ့အခန်း

ကဏ္ဍကနေ ပါဝင်လာမယ်လို့လည်း အယ်ဂျယ်လိုက ပြောပါတယ်။ မြန်မာစစ်တပ်က ၂၀၁၇ သြဂုတ်လကစပြီးနယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ ရိုဟင်ဂျာ​တွေကို သတ်ဖြတ်၊မုဒိမ်းကျင့် ၊​နေအိမ်​တွေကိုမီးရှို့ စတဲ့အကြမ်းဖက်မှု​မျိုးစုံလုပ်ခဲ့တာ​ကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ​တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်​ပြေးခိုလှုံခဲ့ကြပါတယ် ။

ကိုဘာကတော့ ICJ တရားခွင်မှာ ရိုဟင်ဂျာ အရေးအတွက် တက်တက်ကြွကြွ ဦးဆောင် လျှောက်လဲပေးနေတဲ့ဂမ်ဘီယာအစိုးရရဲ့ အားထုတ်မှုတွေကိုဘင်္ဂလားဒေ့ရှ်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောကြားသွားပါတယ်။

ရိုဟင်ဂျာ အကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ရမှု လျော့ကျမသွားစေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာကြား ပူးပေါင်းဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် ရှိနေဖို့ လိုအပ်ကြောင်းလည်းကိုဘာကဆိုပါတယ်။

ပြီးတော့ ရိုဟင်ဂျာတွေဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ မြန်မာနိုင်ငံဆီ နေရပ်ပြန် အခြေချမှုလို ဖြေရှင်းမှု နည်းလမ်းတွေကို အကောင်အထည် ဖော်ဖို့ ဆက်လက် ကြိုးစားရမယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။

ဂမ်ဘီယာဟာ ရိုဟင်ဂျာ အရေးအတွက် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက ICJမှာ စတင် တရားစွဲဆိုခဲ့ပြီး တရားခွင်ရဲ့ပထမဆုံးကြားနာမှုကိုတော့အဲဒီနှစ်ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ခဲ့ပါတယ်။

ကိုးကား- New Age

ဆက်စပ်သတင်းများ

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

သတင်း

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိစေဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။