Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျား အာဏာသိမ်း စစ်တပ်ဆီက အာဏာသိမ်းဖို့ အားထုတ်မှုတစ်ခု မအောင်မြင်ခဲ့

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။

ဓာတ်ပုံ - Reuters

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။

ဩဂုတ် ၂၉ ရက်နေ့ အရုဏ်မတက်ခင် မနက်အစောပိုင်းတုန်းက အနောက်အာဖရိက ဒေသတွင်း ကုန်းပိတ်နိုင်ငံရဲ့ မြို့တော် နိုင်ရာမေမှာ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ဆူဆူညံညံ ထွက်ပေါ်ခဲ့ပါတယ်။ ညလုံးပေါက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မြို့ရဲ့ စစ်ရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ နေရာတချို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒူရာဟာမိန်း တီယန်နီကို ဆန့်ကျင်တဲ့ တပ်တွင်း ပုန်ကန်မှု တစ်ခုက သူ့ကို ဖြုတ်ချပြီး အာဏာသိမ်း စစ်တပ်ဆီက ထပ်ဆင့် အာဏာသိမ်းနိုင်ဖို့ အားထုတ်ခဲ့တာ ဖြစ်ပါတယ်။

ပုန်ကန်တဲ့ စစ်သားတွေဟာ နိုင်ရာမေမှာရှိတဲ့ အစိုးရပိုင် ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဌာနကို စီးနင်းထိန်းချုပ်ပြီး ရုပ်သံထုတ်လွှင့်မှုတွေကို ဖြတ်တောက်စေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သမ္မတ နန်းတော်၊ ဒွိုင်ရီဟာမာနီ နိုင်ငံတကာ လေဆိပ်နဲ့ ကပ်လျက်တည်ရှိတဲ့ စစ်စခန်းတွေကိုပါ တိုက်ခိုက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၉ ရက် ညပိုင်းမှာတော့ နိုက်ဂျား ကာကွယ်ရေး ဝန်ကြီးဌာနက စစ်အစိုးရကို သစ္စာခံတဲ့ တပ်တွေနဲ့ သမ္မတရဲ့ ကိုယ်ရံတော် တပ်တွေဟာ အဲဒီ တိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ထိတွေ့ တိုက်ပွဲတွေအတွင်း ပုန်ကန်တဲ့စစ်သားတွေ အများအပြား သေဆုံးခဲ့ပြီး အဖမ်းခံရသူတွေလည်း ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေသတွင်း သတင်းတွေရဲ့ အဆိုအရ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံးမှု တရိပ်ရိပ် တိုးလာပေမယ့် အာဏာပိုင်တွေက အရေးတယူ တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တာကြောင့် တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ပုန်ကန်သူတွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ နေရာအားလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေလည်း ပြန်လည် စတင်နေပြီလို့ ကြေညာခဲ့ပါတယ်။

ဂျီဟတ်ဝါဒီ အကြမ်းဖက် စစ်သွေးကြွ အဖွဲ့တွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်စွမ်း ကင်းမဲ့နေတယ်လို့ စွပ်စွဲပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ နိုက်ဂျားစစ်တပ်ဟာ သမ္မတ မိုဟာမက် ဘာဇွမ်ရဲ့ အစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ် အုပ်စိုးမှု အောက်မှာလည်း လုံခြုံရေး အခြေအနေတွေက တိုးတက်မလာတဲ့အပြင် စစ်သွေးကြွ တိုက်ခိုက်မှုတွေက ပိုမိုဆိုးရွားလာနေပါတယ်။

အခုနှစ်ထဲမှာတင် နိုင်ယာမီ မြို့တော်လေဆိပ်ဟာ အိုင်အက်စ်ကတစ်ကြိမ်၊ အိုင်အက်စ်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အယ်လ်ကိုင်ဒါ လက်ဝေခံ အဖွဲ့အစည်း တစ်ခုကတစ်ကြိမ် တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်။

နိုက်ဂျားအပါအဝင် ဆာဟဲလ်ဒေသတွင်းမှာ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ အစိုးရတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ စစ်တပ်တွေကို အကြမ်းဖက် နည်းလမ်းတွေနဲ့ တိုက်ခိုက်နေသလို တစ်ဖက်မှာလည်း အချင်းချင်း အပြင်းအထန် ပြိုင်ဆိုင်နေကြပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

Facebook