Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မှာ စစ်တပ်ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

(မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေစဉ်(ပုံအ​ဟောင်းဖြစ်ပါတယ်)။ ဓာတ်ပုံ-Screengrab)

ဩဂုတ်-၃၀၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၃၀ရက် ညနေပိုင်းမှာ မင်းတပ်မြို့အနီး ကျေးရွာတpfရွာကို တိုက်လေယာဉ် ၂စီးက အကြောင်းမဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာထိခိုက်သေဆုံးမှုများကြောင်းလည်းဒေသခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အသေးစိတ် မသိရသေးဘူး။ ဆက်သွယ်မရဖြစ်နေတာ။ထိခိုက်သေဆုံးများတယ်။အရပ်သားကိုပဲ ပစ်မှတ်ထားတာ”လို့ ဒေသခံက ပြောပါတယ်။

ချင်းတောင်ပိုင်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) မဟာမိတ် ပူးပေါင်းတပ်အကြား တိုက်ပွဲတွေ ငြိမ်နေချိန် စစ်တပ်က အခုလို ဗုံးကြဲလာတာလို့ ဆိုပါတယ်။

စစ်တပ်ဟာမေလကတည်းကမင်းတပ်အပါအဝင် ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲ ၂လကျော်ကာလအတွင်း လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

လတ်တလောမှာတိုက်ပွဲနဲ့လေကြောင်း တိုက်ခိုက်တာငြိမ်နေတဲ့အခြေအနေမှာပြန်လည်ဗုံးကြဲလာတာဖြစ်ပါတယ်။

စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်ထိုးစစ်ကာလအတွင်း လေကြောင်း တိုက်ခိုက်မှု အနည်းဆုံးအကြိမ်ပေါင်း ၆၀၀ ကျော်ပြုလုပ်ထားတယ်လို့ ချင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook