Connect with us

Hi, what are you looking for?

သတင်း

ပေါက်နဲ့ မြိုင်အနောက်ခြမ်းက စစ်တပ် ရေနံတွင်းတွေနား နီးကပ်လာ

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(မကွေးတိုင်းက အညာတမာစစ်ဆင်ရေးမှာ တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ − ABSDF Column - 3)

ဩဂုတ် −၃၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လက်ယက်တွင်းနဲ့ ရေနံချက်လုပ်ငန်းတွေရှိရာ အနီးက တဲကြီးကျေးရွာကို အခုဩဂုတ် ၂၆ ရက်မှာ စစ်တပ်စစ်ကြောင်းတွေရောက်ရှိခဲ့ပြီး ကျေးရွာကနေအိမ်တွေ မီးရှို့နေတာလို့ ဆိုပါတယ်။

“တဲကြီးက ရေနံမှော်နဲ့ ကပ်သီလေးပါ။အခု ဒီနေ့ တဲကြီးအနောက်ဘက်နည်းနည်းရွေ့တယ်လို့တော့ကြားတယ်”လို့ အသက်(၄၀)အရွယ် မြိုင်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်း‌တိုက်ခိုက်မှုတွေလည်းနေ့စဉ်နီးပါးရှိနေကာ ပေါက်နဲ့ မြိုင် ဒေသအစပ်က ရေနံမှော်အတွင်းပိုင်းအထိ စစ်ကြောင်းထိုးလာနိုင်တယ်လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“စစ်ကြောင်းထိုးတဲ့သုံးလတာ ကာလပတ်လုံးကို ကြည့်ရင် သူတို့၀င်မယ့်ရွာတွေကို လေကြောင်းကနေ အရင်ဆုံးဗုံးကြဲတယ်။ပြီးရင် စစ်ကြောင်းတဖြည်းဖြည်းရွှေ့ပြီး အဲဒီရွာကို၀င်တယ်။မီးရှို့တယ်။မနေ့က တဲကြီး အထက်ဘက် နသတ်ရွာ(ပေါက်မြို့နယ်) ကို လေကြောင်းကနေ ဗုံးကြဲတာများတယ်။အဲဒါကြောင့် နသတ်ဘက်ကို သူတို့ ၀င်မယ်လို့ယူဆတယ်။နောက်ပြီး နသတ် အထက်ပိုင်းမှာက ‌မှော်လုပ်ကွက်တွေပိုများတယ်”လို့ သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း ရွေ့လျားမှုအပေါ်မူတည်ပြီး မြေပြင်တိုက်ပွဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိစစ်ကြောင်းရောက်နေတဲ့ တဲကြီးရွာ အပါအ၀င် မြိုင်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ဆယ်ရွာထက်မနည်း စစ်ဘေးရှောင်နေကြရပါတယ်။

မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာ နဲ့ တဲကြီးရွာ အနီးတဝိုက်က ဝဲတူးရေနံမြေ ကို ပြန်ယူဖို့ စစ်တပ်က ကြိုးပမ်းနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

ဝဲတူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်ကရေနံမှော်တွေကို ၂၀၂၄ ခုနှစ် မတ်လကတည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပါတယ်။

ဇွန် နဲ့ဇူလိုင်လက တိုက်ပွဲတွေအတွင်း စစ်တပ်စစ် ကြောင်းဆီကလက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တလတည်းမှာပဲ စစ်တပ်ကမြိုင်ဒေသမှာ လေယာဉ်မျိုးစုံအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၄၀ ၀န်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာ ရှစ်ရွာထက်မနည်း မီးရှို့ခံခဲ့ရတာကြောင့် နေအိမ်အလုံး ၂၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော