Connect with us

Hi, what are you looking for?

သတင်း

အာရက္ခထီဆုကို ကျပ်သိန်းတထောင်ထိ AA တိုးမြှင့်သတ်မှတ်

ရခိုင်မှာ အခု စက်တင်ဘာလ ဖွင့်လှစ်မယ့် စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ဘောင်(ထီ)ရဲ့ အမြင့်ဆုံးဆုကြေး ကို ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ အခွန်ဌာနကကြေငြာပါ တယ်။

(စက်တင်ဘာ ၁ရက်မှာ ပြုလုပ်တဲ့ AA ရဲ့ တတိယအကြိမ်မြောက် ထီဖွင့်ပွဲ။ ဓါတ်ပုံ-APV)

စက်တင်ဘာ-၁၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ရခိုင်မှာ အခု စက်တင်ဘာလ ဖွင့်လှစ်မယ့် စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ဘောင်(ထီ)ရဲ့ အမြင့်ဆုံးဆုကြေး ကို ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ အခွန်ဌာနကကြေငြာပါ တယ်။

၂၀၂၆ ဇွန်လက စတင်ဖွင့်လှစ်ခဲ့တဲ့ အာရက္ခလောင်ဘော်ဟာ ပထမအကြိမ်မှာ အမြင့်ဆုံးဆုကို ကျပ်သိန်း ၅၀၀ သတ်မှတ်ခဲ့ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တို့မှာ ကျပ်သိန်း ၇၅၀ ထိတိုးမြှင့်ခဲ့ကာ အခုလဖွင့်မယ့် စတုတ္ထအ ကြိမ်မှာတော့ ကျပ်သိန်း ၁၀၀၀ ထိ ထပ်မံတိုးမြှင့်လိုက်တာပါ။

“ဒီနေ့စရောင်းတဲ့ ထီဟာ ပထမဆု သိန်းတထောင်ဖြစ်သွားမှာ။ အခြားဆုကြေးတွေလည်း တိုးလာမယ်။ ထီတွေ အ များကြီးရောင်းရတယ်။ ထီလက်မှတ်တွေ မလောက်လို့ စောင်ရေထပ်တိုးရင်းနဲ့ ဆုကြေးပါ တိုးလိုက်တာ” လို့ အခွန် ဌာနဝန်ထမ်းတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေမှာ အခွန်ဌာနက ထီလက်မှတ်တွေ ရောင်းနေချတာဖြစ်ပြီး ထီ လက်မှတ်တွေဟာ ရက်ပိုင်းအတွင်း ရောင်းကုန်နေတာပါ။ “ကုန်ခဲ့တဲ့လမှာ မြေပုံတခုတည်းမှာ အစောင်ငါးသောင်း ကုန်သွားတယ်ပြောတယ်။ အဲဒါကို ငါးရက်လောက်ပဲ ရောင်းလိုက်ရတာ။ လက်မှတ်သွားဝယ်တိုင်း ကုန်နေတာ ချည်းပဲ၊ ထိုးချင်သူတိုင်း ထိုးလို့မရဘူး” လို့ မြေပုံမြို့မှ အမျိုးသမီးတဦးက ပြောပါတယ်။

AA က ရောင်းချတဲ့ ထီလက်မှတ်တွေကို ရခိုင်ပြည်တွင်းအပြင် ပြည်ပရောက်နေသူတွေပါ ဝယ်ယူမှုရှိနေပြီး စိတ်ဝင် တစားဝယ်ယူသူများပြားကာ အရောင်းသွက်နေတာဖြစ်ပါတယ်။

“အရင်လကလည်း လောင်ဘော်(ထီ)ထိုးဖို့ လက်မှတ်သွားဝယ်တော့ မရှိတော့ဘူးပြောတယ်။ ဒုတိယအဖြတ် တောင်ရောင်းကုန်သွားပြီတဲ့။ အဲဒါနဲ့ ကျောက်တော်မှာရှိတဲ့ သူငယ်ချင်းကို အဲမှာရှိသေးရင်ထိုးပေးပါလို့ လှမ်းပြော ရတယ်” လို့ အဉ္ဇနပူရ(မင်းပြား)မြို့နယ်မှ မဖြိုးသွယ်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထား AA ဟာ ဗဟိုအကောက်ခွန်နဲ့ အ ခွန်ဌာနအောက်မှာ လောင်ပေါ်(ထီ)ဌာနခွဲကို အသစ်ဖွဲ့စည်းကာ တလမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင် ဘော်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရောင်းချ၊ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်မှတ်တစောင်ကို ကျပ်တထောင် စျေးသတ်မှတ်ထားပါတယ်။

AA အနေနဲ့ ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်း မြို့တွေသိမ်းပိုက်ပြီးနောက်ပိုင်းကနေစပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစတစတိုးချဲ့ ဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ

သတင်း

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်သင်တန်းအပြီး ရက္ခိုင်စစ်မြေပြင်ကို ချက်ချင်းပို့ဆောင်ခဲ့တဲ့ တပ်သားတွေထဲက တပ်သား ၂ဦးဟာ စစ်မြေပြင်က ထွက်ပြေးပြီး အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင် တွေက ပြောပြပါတယ်။