Connect with us

Hi, what are you looking for?

သတင်း

နီပေါရေကြီးမှုမှာ ကလေးနှစ်ယောက်နဲ့အတူ မိခင်တစ်ဦး ကပ်ပြီး လွတ်မြောက်ခဲ့တဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်လာ

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Screenshot

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဩဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းတုန်းက နီပေါနဲ့ တိဘက်ကုန်းမြင့်ဒေသ ထိစပ်တဲ့ နယ်စပ်နားမှာ ရေခဲမြစ် ကျိုးပျက်မှုကနေ တောင်ကျရေတွေ အလုံးအရင်း စီးဆင်းခဲ့ပြီး အသေအပျောက်တွေ၊ အပျက်အစီးတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီနေ့က နီပေါရဲ့ ဘတ်ရာဝါတီ ဒေသမှာ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုမှာတော့ တောင်ကျရေတွေနဲ့ စက္ကန့်နည်းနည်းလေးပဲ ခြားပြီး ထွက်ပြေး လွတ်မြောက်လာတဲ့ သားအမိ သုံးယောက်ရဲ့ ထိတ်လန့်စရာ အခြေအနေကို တွေ့ခဲ့ရပါတယ်။

ဗီဒီယိုထဲမှာတော့ အမျိုးသမီး တစ်ဦးဟာ အမြွှာလေးတွေလို့ ယူဆရတဲ့ သမီးလေး နှစ်ဦးကို လက်ဆွဲပြီး ကုန်းမြင့် တစ်နေရာဆီ အသည်းအသန် ပြေးတက်လာတာကို တွေ့ရပါတယ်။ နောက်တော့ သူ့ရဲ့နောက်ဖက် ကိုက်အနည်းငယ်လောက် အကွာမှာ ရွှံ့ရေတွေက ကန့်လန့်ဖြတ် အရှိန်အဟုန်နဲ့ ရောက်လာခဲ့ပါတယ်။ နောက်ခံ မြင်ကွင်းအရ ရေအားက အရမ်းပြင်းလို့ အဆောက်အအုံငယ် တစ်ခုပါ အောက်ခြေက ကျွတ်ထွက်ပြီး မျောပါသွားတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရေကြီးမှုတွေဟာ အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ အသေအပျောက် အများဆုံး သဘာဝဘေးဆိုးကြီးတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ ရေကြီးမှုကြောင့် နီပေါနဲ့ တိဘက်မှာ လူပေါင်း ၁၁၀၀ ကျော် သေဆုံးပြီး ၄၅၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

နိုင်ငံတကာ

တောင်ပေါ် ရေကြီးမှု ဖြစ်ရပ်ဆိုးကြီးမှာ ပျောက်ဆုံးနေသူ နီပေါနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဟာ ရုပ်အလောင်းတွေ မရှိတဲ့ နာရေး အစီအစဉ်တွေကို လုပ်ဆောင်နေရပါတယ်။

နိုင်ငံတကာ

တောင်ပေါ် ရေကြီးမှုအပြီး အလုပ်သမား ၆၀၀ ကျော် ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဥမင်တွေကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက တစ်ဆင့်ချင်း ဖောက်ခွဲရင်း ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။