Connect with us

Hi, what are you looking for?

သတင်း

ထိုင်းစာသင်ကျောင်းတစ်ခုမှာပစ်ခတ်မှုဖြစ်ပွား၊ဒဏ်ရာရသူမရှိ

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - The Thaiger

စက်တင်ဘာ – ၂ ၊၂၀၂၆

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂ ရက်တုန်းက ကမ်ဖန်ဖက် ဒေသမှာရှိတဲ့ ဝါချိရာ ပရာကန် ဝစ်တာယာကုမ်စာသင်ကျောင်းထဲကိုအသက်၁၅ နှစ်အရွယ် ကျောင်းသား တစ်ဦးက ၉ မမ ပစ္စတို တစ်လက်ကိုင်ပြီး ရောက်လာခဲ့တာပါ။

အဲဒီကျောင်းသားက သူ့ရဲ့ ရန်ဘက်လို့ သတ်မှတ်ထားသူကို ကျောင်းဝင်းထဲမှာ လိုက်ရှာခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းသားက သေနတ်ကို အချက်ရေတချို့ ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရသူတော့ မရှိခဲ့ပါဘူး။ မျက်မြင်တွေကတော့ အဲဒီကျောင်းသားဟာ လေထဲကို သေနတ်နဲ့ ခုနစ်ချက် ရှစ်ချက်လောက် ခြိမ်းခြောက် ပစ်ဖောက်ခဲ့ကြောင်း ပြောပါတယ်။

နောက်ဆုံးမှာတော့ ဆရာမတွေ၊ ရဲတွေ၊ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက အဲဒီကျောင်းသားကို စိတ်အေးသွားအောင် ဝိုင်းဝန်း စည်းရုံး ချော့မော့ခဲ့ပြီး အေးအေးဆေးဆေး လက်နက်ချအောင် သိမ်းသွင်းနိုင်ခဲ့ပါတယ်။

သေနတ်ကို ရဲတွေက သိမ်းဆည်းခဲ့ပြီး အဲဒီကျောင်းသားကိုလည်း ထိန်း သိမ်းထားပါတယ်။

စာသင်ကျောင်းထဲကပစ်ခတ်မှု သတင်းကို ကြားခဲ့တဲ့နောက် ကျောင်းသားမိဘတွေက သူတို့ရဲ့ ကလေးတွေကို ကမန်းကတမ်း လာရောက် ခေါ်ဆောင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဘန်ကောက်နားမှာရှိတဲ့ စာသင်ကျောင်း တစ်ခုမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားက ဆရာဆရာမ ငါးဦးနဲ့ ကျောင်းသူ တစ် ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဖြစ်စဉ်အပြီး ထိုင်းစာသင်ကျောင်းတွေရဲ့ လုံခြုံရေးကို ပိုမိုတင်းကျပ်ထားချိန်မှာ အခုဖြစ်ရပ် ပေါ်ပေါက်လာတာပါ။

ဩဂုတ် ၇ ရက်က ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်း ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ လူငယ်ဟာ အိမ်မှာလည်း အဖိုးနဲ့အဖွားကို ပစ်သတ်လာခဲ့ပါသေးတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ ထိုင်းနိုင်ငံရဲ့ အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တယားဆီ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။