Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံသားဖြစ်ခဲ့လို့ အမေရိကန် ဗီဇာမရတဲ့ ဖြူဖြူကျော်သိန်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

စက်တင်ဘာ-၂၊၂၀၂၆။ဆဏ်း/People’s Spring

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

“လက်မလျှော့ပဲ အကြိမ်ကြိမ် ထပ်မံကြိုးစားခဲ့သော်လည်း နောက်ဆုံးအချိန်ထိမရခဲ့ပါ။ မဖြူဖြူကျော်သိန်းနှင့်အတူ NYCBC မှ မျှော်လင့်တကြီး စောင့်စားနေကြသည့် ပရိသတ်များအား အနူးအညွတ် တောင်းပန်အပ်ပါသည်။” လို့ ရေးသားထားပါတယ်။

Rဇာနည်နဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ “Rock & Pop – First Duet Concert” ကို နယူးယောက်မြို့မှာ စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဖြူဖြူကျော်သိန်းက ပြင်သစ်နိုင်ငံရဲ့ Travel Document ကိုတရားဝင်ကိုင်ဆောင်ထားတာကြောင့် အမေရိကန်နိုင်ငံက နိုင်ငံခြားသားအနုပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ Non-Immigrant Visa အမျိုးအစား O-1B ဗီဇာ လျှောက်ထားရာမှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ရဲ့ ခွင့်ပြုချက်ရခဲ့ပေမယ့် ပြင်သစ်နိုင်ငံ ပါရီမြို့ အမေရိကန်သံရုံးက ခရီးသွားဖို့ ဗီဇာကိုလတ်တလော ထုတ်မပေးနိုင်သေးဘူးလို့ အကြောင်းကြားလာတယ်လို့ NYCBC က ဆိုပါတယ်။

“မဖြူသည် လက်ရှိအမေရိကန်နိုင်ငံ၏ Visa Ban နိုင်ငံဖြစ်သော မြန်မာ passport ကိုင်ဆောင်ထားသူ မဟုတ်တော့သည့်တိုင် မြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီး၊ မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးသည့်အတွက်ဟု ပြင်သစ်နိုင်ငံရှိ အမေရိကန် သံရုံးဘက်မှ အကြောင်းပြချက်ပေးသည်ဟုသိရှိရပါသည်။” လို့ ဗီဇာထုတ်မပေးတဲ့ အကြောင်းပြချက်ကို NYCBC ကအသိပေးထားပါတယ်။

USCIS ရဲ့ခွင့်ပြုချက်ရရှိချိန်မှာ ပွဲလက်မှတ်တွေကို စတင်ရောင်းချခဲ့တာဖြစ်ပြီး ပွဲလက်မှတ် ၉၄ ရာခိုင်နှုန်း ကျော်ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဒီပွဲကို Rဇာနည်နဲ့အတူ ပရိသတ် တွေ ပျော်ရွှင်ရမယ့် အစီအစဉ်တွေနဲ့ ဆက်လက်တင်ဆက်ပေးမယ်လို့ NYCBC က အသိပေးထားပါတယ်။

“မဖြူဖြူကျော်သိန်း ပါဝင်ဖျော်ဖြေနိုင်ခြင်း မရှိတော့သည့်အတွက် ယခုပွဲကို ဆက်လက်ကြည့်ရှုရန် အဆင်မပြေသည့် တချို့သော ပရိသတ်များအနေဖြင့် လက်မှတ်များအတွက် ပေးချေထားသည့် လက်မှတ်တန်ဖိုးအတိုင်း ပြန်လည်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သောကြောင့် မိမိဝယ်ယူခဲ့သည့် Ticket Agent ထံသို့ လည်းကောင်း၊ nycbcmusic@gmail.com သို့ လည်းကောင်း ဆက်သွယ်ဆောင်ရွက်ပေးကြပါရန် အနူးအညွတ် ပန်ကြားအပ်ပါသည်။” လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။