Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်၏ ထောက်ပို့ရထားတွဲ မိုင်းခွဲခံရ

“ယခုအခါ အကြမ်းဖက်စစ်ကောင်စီမှ ရိက္ခာလက်နက် သယ်ယူပို့ဆောင်ရေးပြုလုပ်ရာ ရထားကို ဦးစားပေးအသုံးပြုနေကြောင်း သိရသည်”ဟု ၎င်းတို့က ဆိုသည်။

(စဥ့်ကိုင်မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ရထားလမ်းပိုင်းတစ်နေရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ်)

ရန်ကုန်ဘက်မှ မန္တလေးမြို့ဘက်သို့ ခုတ်မောင်းလာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့ရထားတွဲအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း စဥ့်ကိုင်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၄)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်က ရန်ကုန်ဘက်မှ မန္တလေးမြို့ဘက်သို့လာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့တွဲပါရထားတစ်စင်းအား စဥ့်ကိုင်မြို့နယ် ဘီးလင်းကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ စာပို့တွဲပါသည့် ခုနစ်တွဲမြောက်ရှိ ရထားတွဲတစ်တွဲထိခိုက်ပျက်ဆီးသွားပြီး ခရီးသွားပြည်သူများ ထိခိုက်မှုမရှိခဲ့ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ ရထားတွဲဖောက်ခွဲခံရချိန်တွင် စစ်ကောင်စီတပ်များအား ဆက်လက်တိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း ရထားအနီးသို့ ပြည်သူများရောက်ရှိလာခြင်းကြောင့် တိုက်ခိုက်မှုဆက်မလုပ်နိုင်ဘဲ တပ်ဆုတ်ခဲ့ရသည်ဟုလည်း စဥ့်ကိုင် PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

“ယခုအခါ အကြမ်းဖက်စစ်ကောင်စီမှ ရိက္ခာလက်နက် သယ်ယူပို့ဆောင်ရေးပြုလုပ်ရာ ရထားကို ဦးစားပေးအသုံးပြုနေကြောင်း သိရသည်”ဟု ၎င်းတို့က ဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရသော ရထားသည် တွဲပေါင်း ၁၃ တွဲပါရှိပြီး ဖောက်ခွဲမှုကြောင့် ခုနစ်တွဲမြောက်ရထားတွဲ ထိခိုက်ပျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။