Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့ အတူ ထပ်ပျောက်ပြန်

ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

(ရန်ကုန်မြို့လယ် တနေရာမှာ တားဆီးထားတဲ့ ဘယ်ရီဂိတ်များအနီး စစ်သားတွေကို ၂၀၂၁ ဩဂုတ် ၁၀ က တွေ့ရစဉ်။ ဓာတ်ပုံ-EPA)

စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

မကွေးကျောင်းဆရာတော်လို့ လူသိများတဲ့ မဘသခေါင်းဆောင် ဦးပါမောက္ခရဲ့ Tiktok အကောင့်မှာ မြောက်ဥက္ကလာပမြို့နယ်မှာ ကား ၁စီးနဲ့ အမျိုးသား ၁ဦး ပျောက်ဆုံးသွားတဲ့အကြောင်း မိသားစုဝင်တွေက လာရောက်အကူအညီတောင်းခဲ့တဲ့ရုပ်သံကို “နောက်တစ်ယောက်လာပြန်ပြီဟေ့”ဆိုတဲ့စာသားနဲ့ တင်ခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက် ည ၉ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် ကိုအောင်စိုးမင်းဆိုသူဟာ ကားနံပါတ် BGO 34Q 5624 Hi Jet အဖြူရောင်ကားနဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မိသားစုဝင်တွေက ဆရာတော်ကို လျှောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

” မိဘတွေက အလွန်အင်မတန်စိတ်ပူနေပါတယ်။ မတရားဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေလည်း သားသမီးချင်းကိုယ်ချင်းစာ၊ ညီအကိုမောင်နှမ မိသားစုချင်း ကိုယ်ချင်းစာပြီးတော့ မောင်အောင်စိုးမင်း မိမိတို့၏ ရောက်တဲ့အရပ်ကနေပြီးတော့ …အမြန်ဆုံးပြန်လည်ဆက်သွယ်ပါ။ ဘုန်းကြီးက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက်ိုလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမြန်ဆုံးပြန်လည်ပြီး ပို့ဆောင်ပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ ဦးပါမောက္ခက မိန့်ပါတယ်။

ပျောက်ဆုံးသူမှာ ငွေကျပ် ၁၅ သိန်းခန့်ပါသွားပြီး ဝေဘာဂီရဲစခန်းနဲ့ မင်္ဂလာဒုံရဲစခန်းကိုပါ တိုင်ကြားထားတယ်လို့ သိရပါတယ်။

မနေ့က စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးတားဆီးပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ကျောင်းသားဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။

ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို ၁ရက် လူ ၅​ ဦး ပေါ်တာဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ထံ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါတယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေတာ ၁၀ရက်ကျော်ကြာရှိပြီဖြစ်တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီးစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားဟုဆို

သတင်း

ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။