Connect with us

Hi, what are you looking for?

News

ကုလ၌ တရုတ်နှင့်ရုရှား ကြားနေမဲပေးခြင်းက တိုးတက် မှုဖြစ်၊ အိမ်နီးခြင်း နိုင်ငံများနှင့်ဆက်ဆံရေး ခိုင်မာသည့်မူဝါဒထားရန်လိုဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ပြည်သူများနေ့စဉ် မလုံမခြုံဖြစ်နေရသော၊ တရားမဲ့ပြုကျင့်ခြင်းများခံနေရသော ကိစ္စများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးအတွက် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအခြေ အနေနှင့် ပါတ်သတ်သော resolution ကို မဲခွဲဆုံးဖြတ်ရာ resolution ပါ အကြောင်းအရာများသည် အလုံးစုံကျေနပ်စရာမဟုတ်သော်လည်း၊ ကန့်ကွက်မဲ ၁ မဲသာရှိခဲ့ပြီး တရုတ်နှင့် ရုရှားနိုင်ငံများ ကြားနေခြင်းက တိုးတက်မှုဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်း အဝေး ကို ယနေ့ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ်က ထိုသို့ ပြောဆိုလိုက်ခဲ့ခြင်းဖြစ်သည်။
“အမြဲကန့်ကွက်နေကျနိုင်ငံများဖြစ်သော တရုတ် နှင့် ရုရှား နိုင်ငံများသည်ပင် ကြားနေအဖြစ်ရပ်တည်လာတာကိုတွေ့ရ၍ တိုးတက်မှုရှိလာသည်ဟု ပြောဆို၍ရကြောင်း၊ သို့သော် အိမ်နီးချင်း ၅ နိုင်ငံလုံး ကြားနေအဖြစ်သာရပ်တည်ခဲ့သည်ကို တွေ့ရကြောင်း” NUGက အစည်းအဝေး သတင်းထုတ်ပြန်ရာတွင် ဖော်ပြသည်။

သို့ဖြစ်၍ နိုင်ငံတကာရေးရာနှင့် ပါတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် NUG အစိုးရအနေနှင့် ခိုင်မာသောမူဝါဒများစနစ်တကျ ထားရှိရန်လိုအပ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။
နိုင်ငံတကာအနေနှင့်လည်း ပြည်သူ၏ အပြည့်အဝအာဏာအပ်နှင်းခြင်းခံထားရသော အမျိုးသား ညီညွတ်ရေးအစိုးရကို အပြည့်အဝထောက်ခံမှု ပေးရန်လိုအပ်သကဲ့သို့ လက်နက်အားကိုးဖြင့် တရားမဝင် အာဏာလုယူထားသော အကြမ်းဖက်စစ်ကောင်စီကို လုံး၀ အသိအမှတ်မပြုရန်လိုအပ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ကလေးငယ်များအပါအဝင် ပြည်သူများကို စစ်ကောင်စီက သတ်ဖြတ်နေခြင်း၊ ညဘက်ဖမ်းပြီး နေ့ဘက်အလောင်းလာထုတ်ခိုင်းခြင်း ကိစ္စရပ်များအတွက် များစွာ စိတ်ထိခိုက်ရကြောင်း ၎င်း ကဆိုသည်။
ပြည်သူများနေ့စဉ် မလုံမခြုံဖြစ်နေရသော၊ တရားမဲ့ပြုကျင့်ခြင်းများခံနေရသော ကိစ္စများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးအတွက် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
အစည်းအဝေးသို့ မကြာသေးမီက ယာယီသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အတည်ပြုခဲ့သည့် ဒုတိယ သမ္မတ ဒူဝါလရှီလ နှင့် ဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။