Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလ၌ တရုတ်နှင့်ရုရှား ကြားနေမဲပေးခြင်းက တိုးတက် မှုဖြစ်၊ အိမ်နီးခြင်း နိုင်ငံများနှင့်ဆက်ဆံရေး ခိုင်မာသည့်မူဝါဒထားရန်လိုဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ပြည်သူများနေ့စဉ် မလုံမခြုံဖြစ်နေရသော၊ တရားမဲ့ပြုကျင့်ခြင်းများခံနေရသော ကိစ္စများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးအတွက် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအခြေ အနေနှင့် ပါတ်သတ်သော resolution ကို မဲခွဲဆုံးဖြတ်ရာ resolution ပါ အကြောင်းအရာများသည် အလုံးစုံကျေနပ်စရာမဟုတ်သော်လည်း၊ ကန့်ကွက်မဲ ၁ မဲသာရှိခဲ့ပြီး တရုတ်နှင့် ရုရှားနိုင်ငံများ ကြားနေခြင်းက တိုးတက်မှုဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်း အဝေး ကို ယနေ့ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ်က ထိုသို့ ပြောဆိုလိုက်ခဲ့ခြင်းဖြစ်သည်။
“အမြဲကန့်ကွက်နေကျနိုင်ငံများဖြစ်သော တရုတ် နှင့် ရုရှား နိုင်ငံများသည်ပင် ကြားနေအဖြစ်ရပ်တည်လာတာကိုတွေ့ရ၍ တိုးတက်မှုရှိလာသည်ဟု ပြောဆို၍ရကြောင်း၊ သို့သော် အိမ်နီးချင်း ၅ နိုင်ငံလုံး ကြားနေအဖြစ်သာရပ်တည်ခဲ့သည်ကို တွေ့ရကြောင်း” NUGက အစည်းအဝေး သတင်းထုတ်ပြန်ရာတွင် ဖော်ပြသည်။

သို့ဖြစ်၍ နိုင်ငံတကာရေးရာနှင့် ပါတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် NUG အစိုးရအနေနှင့် ခိုင်မာသောမူဝါဒများစနစ်တကျ ထားရှိရန်လိုအပ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။
နိုင်ငံတကာအနေနှင့်လည်း ပြည်သူ၏ အပြည့်အဝအာဏာအပ်နှင်းခြင်းခံထားရသော အမျိုးသား ညီညွတ်ရေးအစိုးရကို အပြည့်အဝထောက်ခံမှု ပေးရန်လိုအပ်သကဲ့သို့ လက်နက်အားကိုးဖြင့် တရားမဝင် အာဏာလုယူထားသော အကြမ်းဖက်စစ်ကောင်စီကို လုံး၀ အသိအမှတ်မပြုရန်လိုအပ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ကလေးငယ်များအပါအဝင် ပြည်သူများကို စစ်ကောင်စီက သတ်ဖြတ်နေခြင်း၊ ညဘက်ဖမ်းပြီး နေ့ဘက်အလောင်းလာထုတ်ခိုင်းခြင်း ကိစ္စရပ်များအတွက် များစွာ စိတ်ထိခိုက်ရကြောင်း ၎င်း ကဆိုသည်။
ပြည်သူများနေ့စဉ် မလုံမခြုံဖြစ်နေရသော၊ တရားမဲ့ပြုကျင့်ခြင်းများခံနေရသော ကိစ္စများအတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးအတွက် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
အစည်းအဝေးသို့ မကြာသေးမီက ယာယီသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အတည်ပြုခဲ့သည့် ဒုတိယ သမ္မတ ဒူဝါလရှီလ နှင့် ဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။