Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁ဦး ပျောက်ဆုံးနေပြန်

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

(ပျောက်ဆုံးနေသော အမျိုးသမီးငယ်ရဲ့ ရုပ်ပုံ ။ ဓာတ်ပုံံ-လူမှုကွန်ရက်)

စက်တင်ဘာ ၄၊ ၂ဝ၂၆။ မေရီ/People’s Spring

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးသွားမှု စက်တင်ဘာ ၂ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကနေ ရွှေပြည်သာမြို့နယ်ကိုသွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်ဟာ အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း နီးစပ်သူတစ်ဦးက Facebook လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

“ဂျပန်သွားခါနီးမှ ပျောက်သွားတယ်။ မနှင်းစန္ဒာသည် ၂ ရက်နေ့ညနေ ၅ နာရီလောက်က စမ်းချောင်းကနေရွှေပြည်သာကိုလာဖို့ ကားငှားနေတယ်လို့ အဆတ်အသွယ်ရပြီးနောက်ပိုင်းမှာ ဖုန်းလည်းအခုထိဆတ်သွယ်မရတော့လို့ပါ။ ကလေးကလည်း ရွှေပြည်သာကိုရောက်မလာပါဘူး။ ဂျပန်သွားခါနီး အဝေးကမိဘတွေကလည်းရောက်နေပေမယ့် ကလေးကပျောက်နေလို့ပါရှင့်”ဆိုပြီး ၎င်းနဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ အကူအညီတောင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ဟာ ဂျပန်နိုင်ငံကို သွားဖို့ပြင်ဆင်နေသူလို့ သိရပါတယ်။

အလားတူ ရွှေပြည်သာမြို့နယ်မှာလည်း LGBT ၁ဦးကို အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးက သုံးဘီးဆိုက်တွဲယာဥ်ပေါ်တင်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း Tiktok လူမှုကွန်ရက်မှာ ဖမ်းဆီးခံရတဲ့ LGBT ကိုယ်တိုင် ပြောပြထားပါတယ်။

“ယောကျာ်း ၃ ယောက်နဲ့ မိန်းမတစ်ယောက်က အမှောင်ထဲကနေထိုင်စောင့်ပြီးတော့ ကျွန်မကိုဆွဲတာ။ ပါးစပ်ကို အတင်းပိတ်ပြီး လက်တွေကို ကြိုးတွေနဲ့ ဝိုင်းတုပ်ကြတာ။ အတင်းထွက်ပြေးမြန်လို့ အိမ်ပြန်ရောက်လာတာ။ ဖိနပ်တွေတောင် ကျွတ်တယ်။ ဘောင်းဘီတွေတောင် ပြဲတယ်”လို့သူကပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး လူငယ်တွေလည်း မကြာခဏ ပျောက်ဆုံးနေပါတယ်။ စက်တင်ဘာ ၁ ရက် ညကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ဦး ကားတစ်စီးနဲ့ ပျောက်ဆုံးနေလို့ မိသားစုဝင်တွေက အကူအညီတောင်းနေပါတယ်။

စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးကိုကန်ထည့်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။

ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါတယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေကြောငိး လွန်ခဲ့တဲ့ နှစ်ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့်စစ်မှုထမ်းအပတ်စဥ်(၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားဟုဆို

သတင်း

ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။