Connect with us

Hi, what are you looking for?

သတင်း

ဖလူးလေးရွာအနီး စစ်တပ်ဒရုန်းနဲ့ ဗုံးချလို့ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးသီးချိတ် ဒရုန်းတစ်စီးကိုတွေ့မြင်ရပုံ ( ပုံဟောင်း)

စက်တင်ဘာ – ၄ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖလူးလေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ( DKBA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ ခြံ ဝင်းရှေ့ ခြမ်းကို နေ့ခင်းပိုင်း ၂ နာရီအချိန်ခန့်က စစ်တပ်ရဲ့ ဒရုန်းတစ်စီး လာရောက်ပျံဝဲလာပြီး ဗုံးတစ်လုံးကြဲချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အဲဒီနေရာမှာ ရှိနေတဲ့ အရပ်သား လေး ဦး ထိခိုက်မှုရှိခဲ့ပါတယ်။

“လေးယောက်ထိတယ်၊ တစ်​ယောက်က ပွဲချင်းပြီး​သေတယ်၊ ​နောက်တစ်ယောက်က အသည်းအသန်၊စျေးရောင်းတဲ့သူတွေ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျွန်း​တော လို့ ဒေသခေါ်ဝေါ်ကြတဲ့ DKBA ​​ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ ခြံဝင်းအ​ရှေ့က ​စျေးဆိုင်​​တွေရှိတဲ့​နေရာကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ သိရပါတယ်။

အဲဒီ နေရာတဝိုက်မှာ စစ်တပ်ရဲ့ ဒရုန်းတွေ အမြဲတမ်းလာရောက်ပျံဝဲလာပေမယ့်အရင်ကတော့ စစ်တပ်ဒရုန်းတွေဟာဗုံး ကြဲချတိုက်ခိုက်တာမျိုးမရှိဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီနေ့ ဒရုန်းကြဲချခဲ့တဲ့နေရာအနီးက DBKA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ စခန်းကို ပြီးခဲ့တဲ့လ ဩဂုတ် ၁၇ ရက်ကလည်း စစ်တပ်က မြ၀တီမြို့ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တာကြောင့် DKBA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တာရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။