Connect with us

Hi, what are you looking for?

သတင်း

ရခိုင်နဲ့ ဧရာဝတီအစပ်မှာတိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

လေကြောင်းပျံသန်းမှုနဲ့ဗုံးကြဲမှု နေ့စဉ်ရှိနေပေမယ့်စက်တင်ဘာလ၄ရက်မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့အသံကို ကြားနေရတယ်လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။

ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေဟာရခိုင်ရိုးမနဲ့ ဆက်စပ်နေပါတယ်။ စစ်တပ်က ဧရာဝတီတိုင်းဘက်ကိုအင်အားတွေဖြည့်ပြီး အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို စစ်ကြောင်းထိုးဖ်ို့ ကြိုးပမ်းနေလို့ တိုက်ပွဲတွေဖြစ်နေတာပါ။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကတော်တော်လေးပြင်းထန်နေတာထင်တယ်။လေယာဉ်တွေဆက်တိုက်‌တက်နေတယ်။ ရေဘေးက တစ်မျိုး၊ စစ်ဘေးက တစ်မျိုး။ မိုးကလည်းရွာနေတာ။ အရေးထဲမီးချောင်းကတစ်မျိုး”လို့ရေကြည်မြို့ခံတဦးကပြောပါတယ်။

‌ရေကြည်မြို့နယ်ထဲမှာ ရေဘေးကြုံတွေ့နေပြီးစက်တင်ဘာ ၃ ရက်ညကသရက်ပင်လှရွာမှာမီးချောင်းတစ်ကောင်တွေ့လို့ ဒေသခံတွေစိုးရိမ်နေကြတာပါ။ ငါးသိုင်းချောင်းမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာမွေးမြူထားတဲ့မိချောင်းလွတ်သွားတာလို့ ‌ဒေသခံတွေက ပြောပါတယ်။ဒီအ​ခြေအ​နေမှာ တိုက်ပွဲ​တွေဖြစ်​နေပြီး ​ဒေသခံ​တွေက ပစ်ခတ်သံ​တွေကိုကြား​နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာရေကြည်မြို့နယ်၊မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄) ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။ ဇွန်လက တိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်နဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ရက်နဲ့ ၃ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ကဂွမြို့ကိုတိုက်ခိုက်ဖို့အတွက် ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းကနယ်စပ်မြို့နယ်တွေကို အင်အားဖြည့် နေပါတယ်။ပြီးခဲ့တဲ့သြဂုတ်လ၂၇ရက်ကရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါးဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေ ဂွမြို့နယ်ဘက်ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေပါတယ်။သြဂုတ်လ ၂၇ရက်နေ့မှာပဲ သာပေါင်းမြို့ဘက်ကို စစ်ကား အစီး ၄၀ ကျော် ဝင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကား ၁၀၀ လောက်လာတာ။ ၅၀ ကျော်က ရွှေသောင်ယံ၊၄၀ကျော်ကသာပေါင်း။ဒီရက်ပိုင်း လေယာဉ်တွေ အရမ်းပျံတယ်”လို့သာပေါင်းမြို့ခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ လို့ ဒေသခံပြည်သူတွေအနေနဲ့လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက စက်တင်ဘာလ ၃ရက်နေ့မှာအ​ရေး​ပေါ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်​တွေမြို့အနီးမှာလည်းစက်တင်ဘာ ၄ ရက်မှာတိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့​ဒေသခံစစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေမင်းဂံရေတပ်စခန်း နဲ့ အမြင့်ကျွန်း အနီးတိုက်ပွဲဖြစ်ပြီး စစ်တပ်အထိနာ​နေ

သတင်း

ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နတ်​ရေကန်မှာစစ်တပ်ဘက်က ဆယ်ချီသေဆုံးပြီး လက်နက်ချအလင်းဝင်သူတွေ ရှိကာ တပ်လန်ကျ