Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယမှာဖမ်းဆီးခံရတဲ့ အ​မေရီကန်နဲ့ယူကရိန်း ၇ဦးကမြန်မာနိုင်ငံမှာအရပ်သားလေယာဉ်ကိုဒရုန်းနဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်နေ​ကြောင်းအိန္ဒိယ​ထောက်လှမ်း​ရေးစွပ်စွဲ

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

(အိန္ဒိယမှာဖမ်းဆီးခံ​နေရတဲ့ အမေရိကန်နိုင်ငံသားမက်သရူးအေရွန်ဗန်ဒိုက်ခ် ။သူဟာ လစ်ဗျားအာဏာရှင် ကဒါဖီကို​ တော်လှန်တဲ့​တိုက်ပွဲ​တွေမှာ ​တော်လှန်သူ​တွေကိုပါဝင်ကူညီခဲ့သလို ၊ရုရှားရဲ့ ယူကရိန်းကျူး​ကျော်စစ်ပွဲမှာ ယူကရိန်းနိုင်ငံဘက်ကပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ ။ဓါတ်ပုံ-File)

စက်တင်ဘာ-၄၊၂၀၂၆။People’s Spring

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

အမေရိကန်နိုင်ငံသားမက်သရူးအေရွန်ဗန်ဒိုက်ခ် နဲ့ ယူကရိန်းနိုင်ငံသား၆ဦးတို့ဟာ ၂၀၂၆မတ်လတုန်းက အိန္ဒိယနိုင်ငံမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဩဂုတ် ၃၁ ရက်နေ့မှာတော့ ဗန်ဒိုက်ခ်နဲ့ ယူကရိန်း နိုင်ငံသား တစ်ဦးကို NIAက အကျဉ်းထောင်ထဲမှာ စုံစမ်း စစ်ဆေးဖို့ကို ဒေလီ တရားရုံးက ခွင့်ပြုခဲ့ပါတယ်။ စစ်ဆေးခွင့် လျှောက်ထား တောင်းဆိုမှုအတွက် ဩဂုတ် ၁၉ ရက်မှာ NIAက တရားရုံးဆီ တင်သွင်းထားတဲ့ ရုံးစာထဲမှာတော့ အဲဒီ နိုင်ငံခြားသား ၇ ဦးဟာ မြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

၂၀၂၆ ဖေဖော်ဝါရီ၂၄ ရက်နေ့တုန်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ မြန်မာ့အမျိုးသားလေကြောင်း (MAI)ရဲ့ ခရီးသည်တင် လေယာဉ်တစ်စီး ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း အာဏာသိမ်း စစ်တပ်က ကြေညာပါတယ်။ NIAရဲ့ ဖော်ပြချက်မှာပါဝင်တဲ့ ဖြစ်စဉ်က အဲဒီကိစ္စကို ရည်ညွှန်းသလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို စစ်တပ်က KIA ကလုပ်တယ်လို့ စွပ်စွဲ​ဖော်ပြပါတယ် ။ ​တော်လှန်​ရေးအဖွဲ့​တွေက​တော့အရပ်ဘက်​လေယာဥ်ဆို​ပေမယ့်စစ်တပ်အတွက် လက်နက်ခဲယမ်း ရိက္ခာနဲ့ စစ်သား​တွေကိုသယ်​ဆောင်​​ပေးပြီး အပြန်မှ မြစ်ကြီးနားကခရီးသည်​တွေ ကိုပြန်သယ်​နေတာလို့​​ပြောထားပါတယ် ။အဲဒီ တိုက်ခိုက်မှုမှ ​လေယာဥ်​ပေါ်ပါသူ တစ်ဦးမှ​သေဆုံးခြင်းမရှိဘဲ ဒဏ်ရာရသူအနည်းငယ်ပဲရှိခဲ့ပါတယ်။ ဒါ့အပြင် ​စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတော်လှန်​ရေးအဖွဲ့​တွေက စစ်တပ်ရဲ့​လေယာဥ်၊ရဟတ်ယာဥ်​​တွေကိုပဲပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်တပ်တိုက်​လေယာဥ် ၊ရဟတ်ယာဥ်စုစု​ပေါင်း ၁၄ စီးထိခိုက်ပျက်စီးခဲ့တာမှာ People’s Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရ အရပ်သား တစ်ဦးမှ မပါဝင်ပါဘူး ။

NIAရဲ့ ဖော်ပြချက်အရ ယူကရိန်း နိုင်ငံသား စုစုပေါင်း ၁၄ ဦးဟာ အိန္ဒိယနိုင်ငံကို မတူညီတဲ့ အချိန်တွေမှာ အလည်အပတ် ဗီဇာတွေနဲ့ ဝင်ရောက်ခဲ့ပြီး ဂူဝါဌာနီကို လေယာဉ်နဲ့ ခရီးဆက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အထူးခွင့်ပြုချက် မရှိဘဲ မီဇိုရမ် ပြည်နယ်ကနေတဆင့် မြန်မာဖက်ကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ NIAက စွပ်စွဲထားပါတယ်။

အဲဒီ နိုင်ငံခြားသားတွေဟာနယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ကြိုတင် ညှိနှိုင်းထားတဲ့အတိုင်း ဒရုန်းစစ်ဆင်ရေး၊ဒရုန်းကိုင်တွယ်ပုံ၊တပ်ဆင်ပုံ၊ ဆက်သွယ်မှုလှိုင်း နှောင့်ယှက် (jammingလုပ်)ပုံတွေကို လေ့ကျင့် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်း လက်ခံတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစုတွေလို့လည်း သိရပါတယ်။

အဖမ်းခံထားရတဲ့ ယူကရိန်း ၆ ဦးနဲ့ ဗန်ဒိုက်ခ်ကတော့ မီဇိုရမ်ကနေတဆင့် မြန်မာဖက်ကို အရင်ကလည်း ခိုးဝင်ခဲ့ပြီး ဒရုန်းလေ့ကျင့်ရေး သင်တန်းပေးပို့မှုတွေ နှစ်ကြိမ် လုပ်ခဲ့ဖူးတယ်လို့ NIAက ဆိုပါတယ်။ သူတို့တွေ သင်တန်းပေးထားတဲ့ထဲမှာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ကြံစည်နေပြီး အိန္ဒိယက အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အစုအဖွဲ့တွေလည်း ပါဝင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယက အကြမ်းဖက် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာပါ။

သံသယ တရားခံတွေကို ဖမ်းဆီးချိန်မှာ သိမ်းဆည်းရမိတဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကိုလည်းဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း၊ ဒါပေမဲ့ သိုလှောင်ထားတဲ့ အချက်အလက် ပမာဏတွေ အရမ်းများတာကြောင့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာဖို့ အချိန်လိုအပ်ကြောင်း NIAက တရားရုံးဆီ တင်ပြထားပါတယ်။

ပြီးတော့ ဗန်ဒိုက်ခ်နဲ့အတူ ယူကရိန်းတွေထဲက တစ်ဦးဖြစ်တဲ့ဗစ်တာကာမင်စကီးတို့ကို အကျဉ်းထောင်ထဲမှာအထူးစုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့အတွက်ခွင့်ပြုပေးဖို့NIAက လျှောက်ထား တင်ပြခဲ့ပြီး တရားရုံးက ခွင့်ပြုပေးခဲ့ပါတယ်။

ဗန်ဒိုက်ခ်ကို မတ်လ ၁၃ ရက်နေ့တုန်းက ကိုလ်ကတ္တားလေဆိပ်မှာ ဖမ်းမိခဲ့ပြီး ယူကရိန်း ၆ ဦးကိုတော့ လက်ခ်နောင်းနဲ့ ဒေလီ လေဆိပ်တွေမှာဖမ်းမိခဲ့ပါတယ်။ဧပြီ ၆ ရက်နေ့ကစလို့ သူတို့အားလုံးဟာ အာရှတောင်ပိုင်းမှာ အကြီးဆုံး ထောင်လို့ သတ်မှတ်ခံရပြီး ဒေလီမြို့တော် အနောက်ဖက်မှာရှိတဲ့ တီဟာထောင်ကြီးမှာ ဧပြီ ၆ ရက်နေ့ကတည်းက ထိန်းသိမ်း ခံထားရပါတယ်။

ဗန်ဒိုက်ခ်နဲ့ ယူကရိန်းနိုင်ငံသားတွေဟာဥရောပ နိုင်ငံတွေဆီကနေ တင်သွင်းလာတဲ့ ဒရုန်းအမြောက်အမြားကို မီဇိုရမ် ပြည်နယ်ထဲက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ဆီချိတ်ဆက် ပို့ဆောင်ခဲ့တယ်လို့လည်း NIAက စွပ်စွဲထားပါတယ်။

အသက် ၄၆ နှစ်အရွယ် ဗန်ဒိုက်ခ်ရဲ့ မိသားစုကတော့ အမေရိကန်သားဟာ တီဟာထောင်ထဲမှာတစ်ဦးတည်းတိုက်ပိတ်ခံထားရတယ်လို့ပြောကြားခဲ့ပြီး သူလွတ်မြောက်နိုင်အောင် အမေရိကန် အစိုးရက သံတမန်ရေးအရ ကြားဝင်ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။ မိသားစုကတော့ အိန္ဒိယအာဏာပိုင်တွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဗန်ဒိုက်ခ်မှာ အမှန်တကယ် အပြစ်မရှိဘူးလို့လည်း သဘောထား ထုတ်ပြန်ထားပါတယ်။

ကိုးကား-Indian Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားရဲ့ နာမည်ကို သူ့နာမည် ပြောင်းသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပြု ပြောကြားခဲ့ပါတယ်။