စက်တင်ဘာ-၄၊၂၀၂၆။ဆဏ်း/People’s Spring
အဆိုတော်ဖြူဖြူကျော်သိန်းက ဗီဇာမရတာကြောင့် နယူးယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။
“ဗီဇာ အခက်အခဲကြောင့် လူကိုယ်တိုင် မလာရောက်နိုင်ပေမယ့် Theatre အတွင်းမှာရှိနေမယ့် ကိုRကြီးနဲ့ စုံတွဲသီဆိုပေးဖို့ မဖြူရဲ့ ပြင်ဆင်နေမှု့ကို ROCK & POP – FIRST DUET CONCERT ပရိတ်သတ်ကြီးအတွက် အမြည်းတင်ပြလိုက်ပါတယ်။” လို့ ရေးသားပြီး Rဇာနည်နဲ့ စုံတွဲသီဆိုထားတဲ့”မြစ်နှစ်စင်းရဲ့ ပင်လယ်” သီချင်းသီဆို လေ့ကျင့်နေတဲ့ ဖြူဖြူကျော်သိန်း ရဲ့ ဗီဒီယိုဖိုင်ကို တင်ထားပါတယ်။
ဖြူဖြူကျော်သိန်းအနေနဲ့ အွန်လိုင်းကနေ သီချင်းဘယ်နှစ်ပုဒ်သီဆိုသွားမယ်ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Public Service Announcement
R ဇာနည် နဲ့ ဖြူဖြူကျော်သိန်း တို့ ရဲ့ ROCK & POP – FIRST DUET CONCERT ကို စက်တင်ဘာ ၁၂ ရက် နယူးယောက်မြို့မှာ ပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး ဖြူဖြူကျော်သိန်းက ဗီဇာမရတာကြောင့် ပွဲမှာ မပါဝင်နိုင်ခဲ့တာပါ။
ဒီပွဲလက်မှတ်တွေကို ဩဂုတ်လဆန်းမှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး လက်မှတ် ၉၄ ရာခိုင်နှုန်းကျော် ရောင်းခဲ့ရတယ်လို့ NYCBC ကအသိပေးထားတာပါ။
ဖျော်ဖြေပွဲမှာ ဖြူဖြူကျော်သိန်း မပါဝင်တော့တာကြောင့် လက်မှတ်ခ ပြန်ထုတ်ချင်သူတွေကိုလည်း ပြန်ထုတ်ပေးမယ်လို့ ဆိုပါတယ်။
ဒီပွဲအတွက် သီးသန့် အချိန်ဖယ်ပြီးလာကြည့်ဖို့ စီစဉ်ထားတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းကြောင်း ဖြူဖြူကျော်သိန်းက ပြောထားပါတယ်။

















































