Connect with us

Hi, what are you looking for?

သတင်း

၁၄နှစ်အရွယ်မိန်းကလေးငယ်ကိုအဓမ္မကျင့်ခဲ့သူကို AAတရားရုံးက ထောင်ဒဏ်နှစ် ၃၀ချ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရမ်းချောင်းဒေသမှာအသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကိုအဓမ္မပြုကျင့်ခဲ့တဲ့အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှကို အာရက္ခတပ်တော်(AA)လက်အောက်ခံ တရားရုံးက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။

(သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ ​အေး​မောင်လှ ။ဓါတ်ပုံ-DLEPS)

စက်တင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရမ်းချောင်းဒေသမှာအသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကိုအဓမ္မပြုကျင့်ခဲ့တဲ့အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှကို အာရက္ခတပ်တော်(AA)လက်အောက်ခံ တရားရုံးက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။

မုဒိမ်းမှုအပြင်ဓမ္မတာနဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်ခြင်းတို့ကိုအတင်းအဓမ္မကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် တာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)နဲ့ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇(ဓမ္မတာ နဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်မှု)နဲ့ထောင်ဒဏ် ၁၀ နှစ်စီမြောက်ဦးခရိုင်တရားရုံးက ချမှတ်ခဲ့တာလို့​ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့ကရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်တဲ့ဦးမောင်အေးလှကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီးအဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ရဲ့ ညီမဖြစ်သူကိုလည်း လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနှစ်လကျော်အကြာ ဇူလိုင်လ ၃၀ ရက်နေ့မှာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတင်ခဲ့တာပါ။ အဲဒီအမှုကို ခရိုင်တရားရုံးက တလ ကျော်ကြာစစ်ဆေးပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

“ဒီလိုလက်ခံလို့မရတဲ့မုဒိန်းမှုတွေကိုမြန်မြန်ဆန်ဆန်စီရင်ချက်ချလာနိုင်တာကို ကြိုဆိုရမှာဖြစ်တယ်။ ဒါပေမယ့် လည်း တရားခံလွတ်သွားတာတို့၊ ဖမ်းမမိတာတို့ မဖြစ်ဖို့လိုတယ်။ ပြည်သူ့မျက်နှာမူပြီးတော့ ဒီလိုအမှုတွေကို ထိ ရောက်တဲ့ပြစ်ဒဏ်မှုကို ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့မြောက်ဦးမြို့နယ်မှလူငယ်အမျိုးသမီးတဦးကပြောပါတယ်။

ကျူးလွန်ခံရသူ မိန်းကလေးရဲ့မိသားစုဟာ ကျောက်တော်မြို့နယ် ကျောက်တလုံးရွာ ဇာတိဖြစ်ပြီး ၂၀၂၆ ခု မတ်လ ကုန်လောက်ကစပြီး ဦးမောင်အေးလှပိုင်ဆိုင်တဲ့ ကျောက်တော်မြို့နယ် ဇီးချောင်းဆည်မြောက်ဖက် ၈ မိုင်ခန့်အ ကွာ ရမ်းချောင်းတောထဲမှာရှိတဲ့ ဥယျာဉ်ခြံမှာခြံစောင့် ၊နွားကျောင်းစတဲ့အလုပ်တွေကိုတနှစ်စာလုပ်အားခကျပ်၁၈သိန်းနဲ့ မိသားစုလိုက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ပိုင်ရှင်ဦးမောင်အေးလှကို တဲမှာ မီးမရှိလို့ ဆိုလာပြားတချပ်လို အပ်ကြောင်းပြောရာ သိန်းတန်ရွာမှာရှိတဲ့သူ့ရဲ့နေအိမ်မှာဆိုလာပြားလိုက်ယူဖို့လူတဦးထည့်ပေးစေလိုကြောင်း ပြောတာကြောင့်သမီးဖြစ်သူကိုအတူထည့်ပေးလိုက်ပါတယ်။

နောက်နေ့မှာ ဦးမောင်အေးလှဟာမိန်းကလေးငယ်ကို ရမ်းချောင်းရှိဥယျာဉ်ခြံသို့ ပြန်ပို့ချိန် လမ်းခုလတ်မှာညအိပ်စေပြီး နှစ်ကြိမ်တိုင်အဓမ္မပြုကျင့်ခဲ့တာလို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဦးမောင်အေးလှဟာအဓမ္မပြုကျင့်ခံရ သူရဲ့ ၈ နှစ်အရွယ်ညီမကို လည်း ငွေကျပ်လေးထောင်နဲ့ အချိုရည်တစ်ဗူးပေးပြီး မဖွယ်မရာပြုလုပ်ခိုင်းခဲ့ကာ ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ရဲထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာအခြားလွတ်မြောက်နေတဲ့မုဒိန်းမှုကျူးလွန်သူတွေ ရှိနေသေးပြီး အဲဒီလွတ်မြောက်နေသူ တွေကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် အသည်းအသန်၊ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ AA ရဲတပ်ဖွဲ့ကဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာသက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော် ထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာ​တွေကို ပြည်သူ​တွေက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံး ထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာန တာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုဒ်မနှစ်ခုနဲ့ ခရိုင်တရားရုံးမှာ တရားစွဲတင်ထားကြောင်း AA ရဲတပ်ဖွဲ့ ထုတ်ပြန်

သတင်း

ထိုင်းနိုင်ငံရဲ့ ခိုတောင်ကျွန်းမှာ နိုင်ငံခြားသူ တစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြံစည် အားထုတ်မှုအတွက်လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

သတင်း

ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီတပ်-SNA နဲ့ စစ်တပ်အပြည့်အဝထိန်းချုပ်ထားတဲ့ ရွာမှာ ဖြစ်ပွားခဲ့တဲ့ ကတူတိုင်းရင်းသူ စစ်ဘေးရှောင်မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့်ခံရမှုကို စုံစမ်းဖော်ထုတ်အ​ရေးယူပေးဖို့နဲ့ SNA ထိန်းချုပ်နယ်မြေထဲက ကတူးအရပ်သားပြည်သူတွေရဲ့လုံခြုံရေးကို အပြည့်အဝ အာမခံပေးဖို့ အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။