Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူပို့မယ့် စစ်ကားတွေ ပကစ(၂၅)ရောက်နေ

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

(မင်းတပ်မှ မတူပီ ဦးတည်လာတဲ့ စစ်တပ် ယာဉ်တန်းကို ၂၀၂၂ ဇန်နဝါရီ ၁၁ရက်က တွေ့ရစဉ် ဓာတ်ပုံ- CDF-Mindat)

စက်တင်ဘာ-၉၊၂၀၂၆။ဖိုးသား/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

ဆောမြို့နယ်နဲ့ လောင်းရှည်မြို့မှာရှိတဲ့ ကပစ (၂၅) က စစ်ယာဉ်တန်းတွေ အတိုက်မခံရရေးအတွက် ဆော -လောင်းရှည်လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ‌မြေပြင်စစ်ကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့တစ်ရက်(စက်တင်ဘာ ၇ ရက်)က ကပစ (၂၅)ကို စစ်ကား ၄စီးရောက်တယ်။အင်အား ၂၀၀ ၀န်းကျင်လောက်ပါမယ်လို့ ခန့်မှန်းတယ်။ဆိပ်ဖြူ ကပစ(၂၂)ကနေ ပို့တာ”လို့ ‌ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆော-လောင်းရှည်လမ်းပိုင်း အလယ်ဗဟိုချက်မှာရှိတဲ့ သီးကုန်းကျေးရွာက စစ်ကြောင်းကလည်း လောင်းရှည်မြို့ကို မနေ့က(စက်တင်ဘာ ၈ ရက်)ညနေ ပိုင်းမှာ ရောက်ရှိလာတယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ အသိပေးထားပါတယ်။

လမ်းကြောပေါ်က ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်တလျှောက်မှာ အင်အားတချို့ချန်ထားခြင်းရှိ၊မရှိကို ဆက်လက်စုံစမ်းဆဲလို့ ဆိုပါတယ်။

“ဆော-လောင်းရှည် လမ်းကြောင်းကို ရှင်းပြီး ကပစ (၂၅)က ကားတွေ လောင်း ရှည်မြို့ကတဆင့် ဆောမြို့ကို၀င်မယ်။အဲဒီကနေ ကန်ပက်လက်ကို ထပ်ပို့မယ့်အခြေအနေမျိူပေါ့”လို့ မကွေးတိုင်းအထက်ပိုင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

ဒါ့အပြင် လောင်းရှည်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ ဆိပ်ဖြူ မြို့နယ်က ကပစ (၂၁)နဲ့ (၂၂)မှာလည်း အင်အား ၅၀၀ ၀န်းကျင်ကို စစ်တပ်က ထပ်မံဖြည့်တင်းထားတယ်လို့ အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ ၊ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက်လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့ကတဆင့် ကန်ပက်လက်၊ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်က ချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား နှစ်ထောင်၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။