Connect with us

Hi, what are you looking for?

သတင်း

စင်းခန်းတံတားရပြီလို့ စစ်တပ်ဝါဒဖြန့်မှု ပြောင်းပြန်အခြေအနေဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Screenshot

စက်တင်ဘာ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ပထမပတ်မှာ မြေပြင်စစ်ကြောင်းတွေနဲ့ စင်းခန်းတံတားကို ထိုးစစ်ဆင်တာ၊ ရေကြောင်းက စစ်အင်အားတွေဖြည့်တင်းတာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ စင်းခန်း အပါအဝင် ဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ စက်တင်ဘာ ၅ရက်မှာ စစ်တပ်ဟာ စင်းခန်းတံတားကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့လို့ တံတား ပျက်စီးမှုတွေ ဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဝါဒဖြန့်သူအချို့က စင်းခန်းတံတားကို KIAက မိုင်းခွဲဖျက်ဆီးပြီး ထွက်ပြေးသွားလို့ စစ်တပ်က တံတားကို သိမ်းထားနိုင်ပြီလို့ စက်တင်ဘာ ၈ရက်မှာ ဝါဒဖြန့် ပြောဆိုမှုတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို စစ်တပ်ဝါဒဖြန့်သူတွေရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “ပြောင်းပြန်” အခြေအနေဟု ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ဗန်းမော်ကို စစ်အင်အားဖြည့်တင်းဖို့ ဆက်လက်ကြိုးပမ်းနေပြီး မန္တလေးက ထပ်မံ ထွက်ခွာလာတဲ့ သင်္ဘော ၄စီး၊ တွန်းသင်္ဘော ၂စီးဟာ စက်တင်ဘာ ၈ရက်က ရွှေကူမြို့အကျော်မှာ ရပ်နားခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီ စစ်သင်္ဘောတွေ ဗန်းမော်မြို့ဘက်ကို ဆက်လက်ထွက်ခွာခြင်းမရှိသေးဘူးလို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ စက်တင်ဘာ ၂ရက်က ရွှေကူမြို့ကနေ သင်္ဘောတွေ ထွက်ခွာခဲ့ရာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေ နစ်မြုပ်တာ မီးလောင်တာ၊ ပျက်စီးတာတွေရှိခဲ့ပါတယ်။

အဲဒီတုန်းက သင်္ဘော ၇စီး ဗန်းမော်မြို့ကို ဆိုက်ကပ်နိုင်ခဲ့ပေမဲ့ စစ်တပ်က နောက်ထပ်သင်္ဘောတွေ စေလွှတ်လွှတ်ပြီး ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ထပ်မံ ကြိုးစားနေတာဖြစ်ပါတယ်။မြေပြင်မှာလည်း စစ်တပ်က တပ်ရင်း ၃ခုနဲ့ စင်းခန်းတံတားကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ စက်တင်ဘာအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စင်းခန်းတံတားကို KIA ပူးပေါင်းတပ်က ၂၀၂၄ မေလကတည်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဝါဒဖြန့်သူတွေကတော့ စင်းခန်းတံတား ပြန်ရပြီဖြစ်ကြောင်း မကြာခဏ ဝါဒဖြန့်တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။