Connect with us

Hi, what are you looking for?

သတင်း

ညောင်တုန်းရေကာတာပိတ်ဖို့ စစ်မှုထမ်းသင်တန်းဆင်းတွေ​​​ခေါ်လာပြီး ထွက်မ​ပြေး​​အောင် သေနတ်‌ထောက်ပြီးခိုင်းနေ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ကရေကာတာပိတ်ဆို့တာမှာစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်အများအပြားခေါ်လာပြီး ထွက်ပြေးမှာစိုးလို့ သေနတ်နဲ့ထောက်ပြီး ခိုင်းစေနေတယ်ပါတယ်။

(​​​​ညောင်တုန်း​ရေကာတာပိတ်ဖို့ ​စစ်တပ်ကဒေသခံ​တွေကို​​​ခေါ်လာပြီး ခိုင်း​စေခဲ့စဥ်။ဓါတ်ပုံ-CJ )

စက်တင်ဘာ-၉၊၂၀၂၆။မိထက်/People’s Spring

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ကရေကာတာပိတ်ဆို့တာမှာစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်အများအပြားခေါ်လာပြီး ထွက်ပြေးမှာစိုးလို့ သေနတ်နဲ့ထောက်ပြီး ခိုင်းစေနေတယ်ပါတယ်။

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာဟာ ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းမှာအိကျပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေကြတာဖြစ်ပါတယ်။

ကနဦးမှာ ဒေသခံတွေက လုပ်အားပေးကြ‌ရာကနေ အခြေအနေပိုဆိုးလာတဲ့နောက်ပိုင်း စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားတွေကို ကားတွေနဲ့ခေါ်လာပြီး ခိုင်းစေနေတာဖြစ်ပါတယ်။ စက်တင်ဘာလ ၄ရက်နေ့က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ကနေ စစ်ကား အစီးရေ ၂၀ ကျော်နဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေခေါ်လာတာကို People’s Spring က တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကားတစ်ချို့ကို ညောင်တုန်းတာကိုပို့တယ်။တစ်ချို့က ဧရာဝတီတိုင်းထဲကတိုက်ပွဲဖြစ်တဲ့ဘက်တွေကိုဆက်ထွက်သွားတယ်”လို့ ရန်ကုန်-ညောင်တုန်းလမ်းပိုင်းပေါ်က ဆားမလောက်လမ်းဆုံမှာနေထိုင်တဲ့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

ညောင်တုန်းမြို့မှာထားခဲ့တဲ့စစ်မှုထမ်းသင်တန်းဆင်းတွေကို ရေကာတာပိတ်ဆို့ရေးမှာ သေနတ်ထောက်ပြီးခိုင်းစေနေတာဖြစ်ပါတယ်။

“စိတ်မကောင်းစရာတွေပါဗျာ။စစ်သားတွေက သေနတ်တကားကားနဲ့။ လုပ်အားပေးရတာတောင် စိတ်မဖြောင့်ဘူး။စစ်မှုထမ်းဖို့ခေါ်ထားတဲ့ ကလေးတွေကိုလည်း မာန်မဲခိုင်းစေနေတာ။ ထွက်ပြေးမှာစိုးလို့လည်း လုံခြုံရေးတော်တော်တင်းကျပ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ညောင်တုန်းရေကာတာဟာစတင်အိကျစဉ်က အလျားပေ ၁၀၀ ခန့်ရှိပြီး လက်ရှိစက်တင်ဘာလပထမလပတ်ထဲမှာ အလျားပေ ၃၀၀ခန့်အထိ အိကျသွားပြီလို့သိရပါတယ်။မြစ်ကမ်းပါးရေတိုက်စားမှုကြောင့်တာရဲ့ သုံးပုံနှစ်ပုံခန့် အိကျပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ်ပြင်ဆင်ရေးတွေလုပ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံဧရာဝတီတိုင်းအစိုးရကထုတ်ပြန်ထားပါတယ်။

လက်ရှိ အိကျနေတဲ့ တာကျိုးပေါက်ခဲ့ရင် ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အထိ ရေဝင်ရောက်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ ရန်ကုန်- ဧရာဝတီတိုင်း ဆက်သွယ်ရေးကားလမ်းပေါ်လည်း ရေဝင်နိုင်ပါတယ်။

“တာအတွင်းမှာငါမွေးကန်တွေအများကြီးပဲ။ တာကျိုးကျရင်တော့ ဘဝပျက်သွားမယ့်ကန်ပိုင်ရှင်တွေ ရှိတယ်။ ရင်တမမနဲ့စောင့်ကြည့်နေကြရတယ်”လို့ ငါမွေးကန်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီး အတင်းအကြပ်ခေါ်ဆောင်ထားတဲ့ သင်တန်းဆင်းတွေကို ရှေ့တန်းစစ်မြေပြင်တွေကိုပို့ပြီးစစ်တိုက်ခိုင်းနေလို့ သေဆုံးဒဏ်ရာရသူ၊ထွက်​ပြေးသူ ၊​တော်လှန်​ရေးတပ်ထံအလင်းဝင်သူဆက်တိုက်များပြားနေပါတယ်။စစ်မှုထမ်းအပတ်စဉ်တစ်ခုကို လူ၅၀၀၀ နှုန်းစုဆောင်းခဲ့​ပေမယ့် စစ်တပ်လိုတဲ့အ​ရေအတွက်မရတာ​ကြောင့် ​ပေါ်တာဆွဲတာ​တွေပိုဆိုးလာပါတယ်။

လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ်၂၈အထိရောက်ရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်နဲ့မန္တလေးမြို့အပါအဝင်မြို့ကြီးတွေမှာ လူငယ်နဲ့လူလတ်ပိုင်းအမျိုးသားတွေကို အတင်းအကြပ်ဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်နေတာတွေရှိလို့ သတိပြုနေထိုင်သွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက စခန်းတွေဆက်တိုက်သိမ်းနေတဲ့ ရေကြည်မြို့နယ်ထဲက စစ်တပ်ရဲ့ရှေ့တန်းနေရာတွေကို ကွင်းကောက်မြို့မှာရှ်ိတဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)မှ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပို့ဆောင်နေပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းသင်တန်းပေးနေတဲ့ တပ်ရင်းတွေထဲမှာ သင်တန်းသားတွေအချင်းချင်း သတ်ဖြတ်ခိုင်းတဲ့အထိ စစ်တပ်က အကြောက်တရားရိုက်သွင်းနေတယ်လို့ စစ်သားစုဆောင်းခံရတဲ့ မိသားစုဝင်အချို့က ပြောပါတယ်။