Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်တပ်က ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်း တောင်း​ယူနေ

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

(မန္တလေးမြို့တွင်း တနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စက်တင်ဘာ ၁၀၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မဲနှိုက်ခေါ်ယူတာတွေ ဆိုးဆိုးရွားရွားပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ယခုအခါ ရပ်ကွက်တချို့က စားသောက်ဆိုင်၊ ဖုန်းဆိုင် အပါအဝင် အရောင်းဆိုင်အမျိုးမျိုးက ဝန်ထမ်းစာရင်းတွေကိုပါ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တောင်းယူနေကြောင်း ဒေသခံအချို့က ပြောပါတယ်။

“အရင်က ဧည့်စာရင်းပဲတိုင်ရတာ။ အခု ယောကျာ်းလေး၊ မိန်းကလေး ဘယ်နှစ်ဦးရှိလဲဆိုပြီး စာရင်းတွေပါ ထပ်တောင်းလာတာ”လို့ မဟာအောင်မြေမြို့နယ်က အရောင်းဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ယောကျာ်းလေးစာရင်းတောင်းယူတာလို့ ယူဆရကြောင်း၊ ဒါ့ကြောင့် ဝန်ထမ်းအချို့ စိုးရိမ်ပြီး အလုပ်ထွက်ကာ နယ်ပြန်တာတွေ ရှိလာကြောင်း အရောင်းဆိုင်ရှင်အချို့က ပြောပါတယ်။ “ဆိုင်မှာ နေစားငြိမ်းမထားရဲတော့ဘူး။ စစ်မှုထမ်းခေါ်မှာစိုးလို့”လို့ ချမ်းအေးသာစံမြို့နယ်က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ဝက်လက်မြို့နယ်ဘက်ကနေ ရွှေ့ပြောင်းပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲပြီး အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူတာတွေရှိနေလို့ ဝက်လက်ဒေသခံ လူငယ်တွေအနေနဲ့ သတိကြီးကြီးထားကြဖို့နဲ့ ဖြစ်နိုင်ရင် ကိုယ့်ရပ်ရွာဘက်ကို ပြန်ပြီး ရွှေ့ပြောင်းနေထိုင်ကြဖို့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။