Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်တပ်က ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်း တောင်း​ယူနေ

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

(မန္တလေးမြို့တွင်း တနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စက်တင်ဘာ ၁၀၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မဲနှိုက်ခေါ်ယူတာတွေ ဆိုးဆိုးရွားရွားပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ယခုအခါ ရပ်ကွက်တချို့က စားသောက်ဆိုင်၊ ဖုန်းဆိုင် အပါအဝင် အရောင်းဆိုင်အမျိုးမျိုးက ဝန်ထမ်းစာရင်းတွေကိုပါ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တောင်းယူနေကြောင်း ဒေသခံအချို့က ပြောပါတယ်။

“အရင်က ဧည့်စာရင်းပဲတိုင်ရတာ။ အခု ယောကျာ်းလေး၊ မိန်းကလေး ဘယ်နှစ်ဦးရှိလဲဆိုပြီး စာရင်းတွေပါ ထပ်တောင်းလာတာ”လို့ မဟာအောင်မြေမြို့နယ်က အရောင်းဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ယောကျာ်းလေးစာရင်းတောင်းယူတာလို့ ယူဆရကြောင်း၊ ဒါ့ကြောင့် ဝန်ထမ်းအချို့ စိုးရိမ်ပြီး အလုပ်ထွက်ကာ နယ်ပြန်တာတွေ ရှိလာကြောင်း အရောင်းဆိုင်ရှင်အချို့က ပြောပါတယ်။ “ဆိုင်မှာ နေစားငြိမ်းမထားရဲတော့ဘူး။ စစ်မှုထမ်းခေါ်မှာစိုးလို့”လို့ ချမ်းအေးသာစံမြို့နယ်က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ဝက်လက်မြို့နယ်ဘက်ကနေ ရွှေ့ပြောင်းပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲပြီး အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူတာတွေရှိနေလို့ ဝက်လက်ဒေသခံ လူငယ်တွေအနေနဲ့ သတိကြီးကြီးထားကြဖို့နဲ့ ဖြစ်နိုင်ရင် ကိုယ့်ရပ်ရွာဘက်ကို ပြန်ပြီး ရွှေ့ပြောင်းနေထိုင်ကြဖို့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။