Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်မှာ စစ်တပ်က အဘိုးအိုအပါအဝင် အရပ်သား ၅ဦး သတ်ဖြတ်

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စက်တင်ဘာ -၁၀၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၀ ရက်) မနက်ပိုင်းမှာ လောင်းလုံးမြို့အရှေ့ဘက်ခြမ်းက ကုန်းဇရပ်ရွာကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီး သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

“အဖိုးက ရွာထိပ်အိမ်မှာနေတာ။သူ့အိမ်ကို မီးရှို့မယ်လုပ်တော့ ၀င်တားရင်း ပစ်သတ်ခံရတာလို့ သိရတယ်။ပြီးတော့ စစ်ကြောင်းက ဝေဒီရွာက နှစ်ဦးကို စိတ်မနှံ့သူနဲ့ ကောင်လေးတစ်ယောက်ကို သတ်သွားတယ်။နောက်ပြီး ကုန်းဇရပ်ကနေ လောင်းလုံးဘက်ပြန်ဆုတ်တဲ့ လမ်းမှာလည်း နှစ်ယောက်သတ်ခံရတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်အား ၁၀၀ ၀န်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက စက်တင်ဘာ ၈ ရက်က ပြင်းထိန်ကျေးရွာကနေ ဝေဒီကျေးရွာကို စစ်ကြောင်းထိုးခဲ့တာလို့ အသိပေးပါတယ်။

“မနေ့က တိုက်ပွဲဖြစ်တယ်။အထိနာတာတွေများတယ်။စစ်ကြောင်းထဲက အများစုက ပစ(စစ်မှုထမ်း)တွေ ။ဝေဒီကနေ စစ်ကြောင်းက လာလမ်းအတိုင်းမပြန်ရဲဘဲ ကုန်းဇရပ်ဘက်(ထား၀ယ်-လောင်းလုံးလမ်းမ)အတိုင်း ပတ်ပြန်တာ”လို့ မြေပြင်အခြေအနေကို သိရှိသူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း ဆုတ်ခွာမှုနဲ့ ဒေသခံတွေ သတ်ဖြတ်ခံခဲ့ရဝာာတွေနဲ့ပတ်သက်လို့ လောင်းလုံးမြို့နယ် ပကဖ၊ပလဖ နဲ့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူတွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်က မောင်းမကန်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက အင်အားဖြည့်ပြီး မြို့နယ်တွင်း မကြာခဏ စစ်ကြောင်းထိုးနေပါတယ်။

ဒေသတွင်း စစ်ရေးအချက်အလက်တွေအရ လောင်းလုံးမြို့နယ်မှာ စစ်တပ်က ခမရ(၄၀၆)၊ (၄၀၉)နဲ့ ခလရ(၂၆၇)တပ်ရင်းတွေ နဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။