Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူ ၊တောင်မော်ဦးတိုက်ပွဲမှာစစ်တပ်ဆီကလက်နက်ခဲယမ်းနဲ့ အလောင်း​တွေAA သိမ်းဆည်းရရှိ

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

စက်တင်ဘာ-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းအ၀တောင်ရွာအနီးကနေ အင်အားဖြည့် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ AA တို့ဟာစက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်က ​သေဆုံးထိခိုက်မှုများခဲ့တယ်လို့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

“အလောင်းတဆယ်ကျော်၊ နှစ်ဆယ်နီးပါး ရတယ်။ လက်နက်တွေတော့ သိပ်မများဘူး” လို့ မြေပြင်မှာရှိနေတဲ့ အာရက္ခတပ်​တော်နဲ့ နီးစပ်သူစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ အဲဒီလို တိုက်ပွဲအတွင်း အကျအဆုံးများတဲ့အတွက် စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပေးတာ၊ ဒရုန်း၊ လေယာဉ်တွေနဲ့ ပစ်ကူပေးတာတွေရှိခဲ့ပြီး အရပ်သား လူ နေရွာတွေထဲ ကျရောက်ကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စနဲမှာ အိမ်တွေ ပျက်သွားတယ် လက်နက်ကြီးနဲ့ ပစ်လို့။ဒီနေ့တော့တိုက်ပွဲငြိမ်နေတယ်” လို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က တောင်မော်ဦးရေတပ်စခန်းအနီး အ၀တောင်စခန်းကနေရှေ့ကိုတိုးထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ အထိနာခဲ့တာကြောင့် နောက်ပြန် ဆုတ်ခဲ့ရပါတယ်။

အဲဒီလိုနောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ထပ်မံအင်အားဖြည့်ပြီးစစ်ကြောင်းထိုးလာတာမှာ AAကဖြတ်​တောက် တိုက်ခိုက်လို့ထပ်မံအထိနာခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ တောင်မော်ဦးရေတပ်စခန်းကာကင်း၊စစ်ကြောင်းတွေအပြင် ဓည၀တီရေတပ်စခန်းအ နီးဝန်းကျင်ရှိ ကာကင်းစခန်းတွေကိုလည်း မကြာခဏထိုးစစ်ဆင်တိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်တွင်းနဲ့ ရခိုင်ရိုးမအစပ်နေရာတွေကို အာဏာသိမ်းစစ်တပ် က ၄၉၂၆ စစ်ဆင်ရေးလို့နာမည်တပ်ပြီး ထိုးစစ်လုပ်နေတယ်ဆိုပေမယ့် လက်တွေ့မှာတော့ တပါတ်ကြာတဲ့ထိ AA စခန်းတခုကိုမှ သိမ်းနိုင်တာမရှိဘဲ စခန်းတွေ ထပ်မပါသွားဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေ က ပြောကြပါတယ်။

စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်ကစပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက AA နယ်မြေတွေနဲ့ ရခိုင်အစပ် မကွေး တိုင်းပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ရှိAAထိန်းချုပ်ဒေသတွေကိုအင်အားအလုံးအရင်းနဲ့ ထိုးစစ်လုပ်နေခဲ့တာပါ။

အဲဒီလိုထိုးစစ်ဆင်နေပေမယ့်ကျောက်ဖြူမြို့နယ်အတွင်းက ရှေ့တန်းတိုက်ပွဲမှာ အထိနာနေသလို စစ်တွေမြို့နယ် မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အင်အားရာချီပါတဲ့ စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်စခဲ့ပြီး စစ်ကြောင်းတခုဟာ တိုက်ပွဲပထမနေ့မှာပဲ အကျအဆုံးများလို့ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ကျန်စစ် ကြောင်းတခုကလည်း ရှေ့မတိုး နိုင်ဖြစ်နေပါတယ်။

ရခိုင်ပြည်ပြင်ပ ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်းပန်းတောင်မြို့နယ်တို့အတွင်း တိုက်ပွဲ တွေမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA က ဖြတ်တိုက်တာကြောင့်တိုက်ပွဲပြင်းနေကာ စစ်တပ်ဘက်ကအထိနာနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။