Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာ အစ်မဖြစ်သူ မင်းသမီးကြီး အက်စ်ထရစ် ကွယ်လွန်

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - EPA

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

နော်ဝေးဘုရင် ဟာရဲလ်ဟာ နိုင်ငံရဲ့ စည်းမျဉ်းခံ ဘုရင်အဖြစ် ၃၅ နှစ်ကြာ အုပ်စိုးခဲ့တဲ့နောက် ပြီးခဲ့တဲ့ လတုန်းက အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဘုရင်ရဲ့ ဈာပန အခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့တုန်းက အော့စလို မြို့တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားဟာ မင်းသမီးကြီး အက်စ်ထရစ်ကို လူမြင်ကွင်းမှာ နောက်ဆုံးအကြိမ် တွေ့လိုက်ရခြင်းလည်း ဖြစ်ပါတယ်။

အသက် ၉၄ နှစ်အရွယ် အက်စ်ထရစ်ဟာ မောင်ဖြစ်သူ ဟာရဲလ်ဘုရင်ရဲ့ ဈာပန အခမ်းအနားကို ဘီးတပ်ကုလားထိုင်နဲ့ တက်ရောက်ခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်မှာတော့ အက်စ်ထရစ်လည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အသက်အရွယ်ကြောင့် ကျန်းမာရေး အခြေအနေ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူ နော်ဝေးဘုရင်သစ် အဋ္ဌမ ဟက်ကွန်းက သူ့ရဲ့ကြီးဒေါ် အက်စ်ထရစ်ဟာ ဘဝတလျှောက်လုံး နွေးထွေးမှု၊ တာဝန်ကျေပြွန်မှုတွေနဲ့ တော်ဝင်မိသားစုကို ဂုဏ်ယူလောက်အောင် ကိုယ်စားပြုပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မင်းသမီးကြီးရဲ့ နာရေးကို နိုင်ငံတော် စရိတ်နဲ့ အကုန်အကျခံ ပြုလုပ်ပေးမယ်လို့ ဝန်ကြီးချုပ် ယိုနက်စ် ဂါး စတိုးက ကြေညာပါတယ်။ ပြီးတော့ အက်စ်ထရစ် သေဆုံးမှုအတွက် နိုင်ငံအနှံ့မှာ အလံတွေကို တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူပြီး ဝမ်းနည်းကြောင်း ပြသဖို့လည်း အစိုးရက ညွှန်ကြားခဲ့ပါတယ်။

နော်ဝေး တော်ဝင်မိသားစု အတွက်တော့ ရက်ပိုင်းလောက်ပဲခြားပြီး နာရေးနှစ်ခုကို စီစဉ်ရတော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့တုန်းက ဘုရင်ဟာရဲလ်ရဲ့ ဈာပန အခမ်းအနားကိုတော့ နိုင်ငံတကာက တော်ဝင်မိသားစုဝင်တွေနဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဟာရဲလ်နဲ့ အက်စ်ထရစ်တို့ဟာ ၁၉၅၇ ကနေ ၁၉၉၁ ခုနှစ်ထိ နော်ဝေးထီးနန်းကို စိုးစံသွားခဲ့တဲ့ ပဉ္စမ အိုလက်ဗ် ဘုရင်ရဲ့ သားသမီး သုံးဦးထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ခဲ့သူတွေပါ။ သူတို့မတိုင်ခင်မှာ မင်းသမီးကြီး ရန်ဟဲလ်ကတော့ ၂၀၁၂ ခုနှစ် ကတည်းက ကွယ်လွန်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကနေ ရှုံးနိမ့် ထွက်ခွာလာခဲ့ပေမယ့်လည်း နော်ဝေး လက်ရွေးစင် ဘောလုံးအသင်းရဲ့ အိမ်အပြန် ခရီးမှာ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက်...

နိုင်ငံတကာ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။