စက်တင်ဘာ-၁၂၊၂၀၂၆။သတိုး/People’s Spring
ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ခံကြောင်းပြသတဲ့ Our Ambassador – Our Voice လှုပ်ရှားမှု စာမျက်နှာကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ထားတယ်လို့ People Movement Platform-Myanmar က အသိပေးထားပါတယ်။
“အကြမ်းဖက်စစ်တပ်ဘက်က (သို့မဟုတ်) မလိုလားသူအချို့က မနေ့ညက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ဖို့ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ IP address တွေပြောင်းပြီး Vote ဝင်ပေးတဲ့အပြင် Negative Comment တွေ အများအပြားဝင်ရေးတဲ့ တိုက်ခိုက်မှုမျိုးဖြစ်ပါတယ်။
ဒါ့ကြောင့် ဝပ်ဘ်ဆိုက်ကို ခေတ္တရပ်ဆိုင်းပြီး ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေ ပြင်ဆင်လုပ်ဆောင်ခဲ့ရပါတယ်။” လို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဒီလှုပ်ရှားမှုမှာ လက်ရှိအချိန်အထိ ပြည်သူငါးသောင်းကျော် ပါဝင်ထားပြီး လုံခြုံရေးစနစ်တွေ မြှင့်တင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ စိတ်ချလုံခြုံစွာ ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
“အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့အားကို ဘယ်လောက်ကြောက်ရွံ့တယ်ဆိုတာ သက်သေထပ်ပြလိုက်ခြင်းဖြစ်တာကြောင့် ငါတို့တွေဟာ နည်းပေါင်းစုံနဲ့တားဆီးနှောက်ယှက်လေ ပိုအားကောင်းလေဆိုတာကို ဆတိုးအားနဲ့ ကြိုးစားပြကြရင်း Campaign ကို Full Speed နဲ့ အရှိန်မြှင့်ကြရအောင်ပါ။” လို့ တိုက်တွန်းထားပါတယ်။
ပါဝင်လိုသူတွေ အနေနဲ့ https://our-ambassador-our-voice.vercel.app/ ၊ https://www.ourvoiceformyanmar.org လင့်ခ်တွေကနေ ဝင်ရောက်ပြီး ထောက်ခံကြောင်းပြသပေးနိုင်တယ်လို့ အသိပေးထားပါတယ်။
“I SUPPORT ကိုနှိပ်ပါ။ အစိမ်းနုရောင်ဖြစ်သွားပါလိမ့်မည်။ သင်ဘာ့ကြောင့်ထောက်ခံတယ်ဆိုတာနဲ့ အမည်ကို ရေးပါ။ (မရေးချင်လည်းရပါတယ်)Add My Support ကိုတစ်ချက်နှိပ်ပြီး ခဏစောင့်ပါ။Thank You. Your support has been counted. ဟူသည့် စာတမ်းကို မြင်ရပါက သင်၏ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်မှု အောင်မြင်ပြီဖြစ်ပါတယ်။” လို့ အပေါ်ကပေးထားတဲ့ လင့်ခ်ကို ဝင်ရောက်ပြီးချိန်မှာ ပြုလုပ်ရမယ့် လုပ်ငန်းစဉ်ကိုလည်း ဖော်ပြထားပါတယ်။
“အချိန်တမိနစ်လောက်ပေးပြီး ငါတို့သံအမတ်အတွက် ငါတို့အသံတဦးတယောက်ချင်းစီတာဝန်ကိုယ်စီထမ်းလိုက်ကြရအောင်” လို့ မနီလာသိန်းက တိုက်တွန်းထားပါတယ်။


















































