Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို နတ်မောက်ပကဖ ဖမ်းမိ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Screenshot

စက်တင်ဘာ-၁၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နတ်မောက်မြို့နယ်၊ သရက်ချဉ်‌ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ကရေ(ခ) စောခိုင်လေးထူးကို နတ်မောက်အရှေ့ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ နတ်မောက်အရှေ့ခြမ်းက သစ်လှကျင်း၊ ဝင်အူ ၊ကျောက်ချေား ၊ထနောင်းကုန်း သမှုံးကုံး ၊ ဖက်တောရေ စတဲ့ ကျေးရွာတွေမှာ သူတောင်းစား၊ ဈေးဝယ်၊ ဈေးရောင်း၊ သစ်ဆွဲသမား(ချိန်းဆွဲသူလွှသမား ) ပုံဏ္ဌန်အမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့အကြောင်းကို စုံစမ်းခဲ့ပြီ နတ်မောက်အရှေ့ခြမ်း စစ်တပ်စစ်ကြောင်းတွေမှာ လိုက်ပါခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စမ်းကုန်းကျေးရွာက ဦးစံမောင်တို့သားအဖ မီးရှို့သတ်ဖြတ်ချိန်မှာ သူပါဝင်ခဲ့ကြောင်းနဲ့ ပွင့်ဖြူစစ်ကြောင်းနဲ့လည်း လိုက်ပါကာ ပြည်သူတွေဆီက ရွှေငွေပစ္စည်း ရသမျှဝေယူစနစ်နဲ့ လိုက်ပါခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်က နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာ အနောက်ဘက် ထန်းတောတိုက် မှာ အသက် ၅၀ ကျော်အရွယ် ဦးစံမောင်နဲ့ သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုနိုင်လင်းမောင်တို့ သားအဖ ၂ဦးကို စစ်တပ်စစ်ကြောင်းက မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“သူ့ကို၅ရက်နေ့က ဖမ်းမိတာပါ”လို့ နတ်မောက် ပကဖ တာ၀န်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

အခု ဖမ်းမိသူဟာ နတ်မောက်မြို့နယ်ရွာတော်ဂိတ်မှာလည်းဂိတ်ထိုင်ပြီး ခရီးသွားပြည်သူတွေ အပေါ်အနိုင်ကျင့်ဗိုလ်ကျနေသူတစ်ဦးလို့ ဆိုပါတယ်။

ဖမ်းမိသူကို ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း အခုလိုလျှို့ဝှက်ဝင်လာသူတွေကို အထူးဂရုစိုက်ကြပါဖို့ နတ်မောက် ပကဖ က သတိပေးပါတယ်။

လက်ရှိ နတ်မောက်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းတွေက နဘူးကွဲကျေးရွာ၊ကမ်းပြိုရွာနဲ့ကုလားရှင်ကျေးရွာတွေမှာရှိနေတယ်လို့ နတ်မောက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ၂၀၂၆ ဧပြီကတည်းက မကြာခဏစစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက် ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့တဲ့အပြင်အရပ်သား ၃ဦးထက်မနည်းကို သတ်ဖြတ်ထားပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေ ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။