Connect with us

Hi, what are you looking for?

သတင်း

တယ်လီနောအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အပေါ်ကြိုဆိုကြောင်း JFM နဲ့ ICJ Norway ထုတ်ပြန်

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

ဓာတ်ပုံ - Telenor IoT

စက်တင်ဘာ-၁၆၊ ၂၀၂၆။ တေဇ/People’s Spring

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

“မြန်မာနိုင်ငံမှာ နော်ဝေဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့မှုတွေအတွက် တယ်လီနောအပေါ် အခုလို နောက်ဆုံးမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ နော်ဝေရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုပါတယ်။ တယ်လီနောက တရားမဝင်စစ်အုပ်စုဆီ ထောက်လှမ်းရေးဆော့ဝဲလ် လွှဲပြောင်းပေးခဲ့တာနဲ့ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံဖော်ပြနိုင်မယ့် အထောက်အထားမှတ်တမ်း အများအပြားကိုလည်း ရဲတပ်ဖွဲ့ထံ ပေးပို့ထားပြီးဖြစ်ပါတယ်” လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

တယ်လီနောအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စစ်တပ်ကို ပေးခဲ့တာက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီတာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနောက အပြည့်အဝ တာဝန်ခံစေရမှာ ဖြစ်တယ်လို့ မရတနာမောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တယ်လီနော် ASA ကို စက်တင်ဘာ ၁၅ ရက်မှာ လူသားမျိုးနွယ်အပေါ် စစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံရဲတပ်ဖွဲ့က တယ်လီနော ASA ရုံးကိုလည်း မနေ့ကပဲ စီးနင်းရှာဖွေခဲ့တာပါ။

“ကျွန်တော်တို့ဟာ လေးနက်ပြီး လွတ်လပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်၊ အခုတော့ ဒီလိုဖြစ်လာဖို့ အလားအလာရှိနေတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ဒီစွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံက အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရပ်ခံကာကွယ်သူတွေအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေနဲ့ ဆက်စပ်နေနိုင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ မတူညီသော ရာဇဝတ်မှုတွေကို ရည်ညွှန်းနေတာပါ” လို့ ICJ Norway ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Terje Einarsen ကပြောပါတယ်။

တယ်လီနော ASA အနေနဲ့ ၂၀၁၈ ကနေ ၂၀၂၂ အတွင်း နော်ဝေနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပြဌာန်းချက် (‘Myanmarforskriften’) အရ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေကို ချိုးဖောက်ခဲ့တဲ့ အကြောင်းအရာတွေကို JFM နဲ့ ICJ Norway တို့က ၂၀၂၄ ဒီဇင်ဘာမှာ နော်ဝေရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာပါ။

ဒါပေမဲ့လည်း အဲဒီ့တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးတာ မပြုလုပ်ဘဲ ပယ်ချခံခဲ့ရတာကြောင့် JFM နဲ့ ICJ Norwayက ၂၀၂၅ အောက်တိုဘာမှာ အထက်အဆင့် တရားစွဲဆိုရေးအာဏာပိုင်အဖွဲ့ကို ထပ်မံတိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ့တိုင်ကြားချက်မှာတော့ တယ်လီနောအနေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ စစ်တပ်ဆီကို အရေးကြီးတဲ့ထိရှလွယ်တဲ့ အချက်အလက်‌ တွေကို မျှဝေပေးခဲ့တာကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီခဲ့တယ်ဆိုတဲ့ စွဲချက်ကို အကျုံးဝင်စေဖို့ တိုင်ကြားချက်ကို တိုးချဲ့တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

“တယ်လီ‌နောရဲ့ တာဝန်ရှိမှုကို ရှင်းလင်းဖော်ထုတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အထောက်အထားတွေအပေါ် မူတည်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တာဝန်ရှိမှုတွေကိုလည်း ဖော်ထုတ်ဖို့ လိုအပ်ပါတယ်” လို့ ICJ Norway ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Terje Einarsen က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။