စက်တင်ဘာ-၁၆၊၂၀၂၆။သုည/People’s Spring
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက “Anti Dictators in Burma” ၊ “Burmese Military Stop Killing Us” ၊ “Save Myanmar” ၊ “Let’s End Military Dictatorship” ၊ “Impose No Fly Zone End Deadly Air Strike in Myanmar” ၊ “ကမ္ဘာမကြေဘူး” ၊ “စစ်အာဏာရှင်စနစ် ကျရှုံးရမည်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် “Proof of Life” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement


















































