စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေက “အထွေအထွေအကြပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။
ဒါ့အပြင် ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းအကြောင်းပါတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ပြည်သူတွေကို ဖြန့်ဝေခဲ့ကြပါတယ်။

Public Service Announcement
ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ နဲ့ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



















































