Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းလိုက်တာကြောင့် စစ်သားတွေ အလုပ်ပိုရှုပ်၊ ပိုပင်ပန်းတော့မယ်လို့ ခံစားခဲ့ရကြောင်း စစ်သုံ့ပန်း ဗိုလ်မှူးအောင်ဖြိုးဝေ ပြော

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

Screenshot

စက်တင်ဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဗိုလ်မှူးအောင်ဖြိုးဝေဟာ ဇွန်လ ၁ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ မကွေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်မှူးအောင်ဖြိုးဝေ၊ ဗိုလ်ကြီးပြည့်စုံအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးကို ပစ္စတိုသေနတ် ၁၉ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ ပြောကြားချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်လျက်ရှိရာ ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ ဗိုလ်မှူးအောင်ဖြိုးဝေရဲ့ ပြောကြားချက်ကို ဖော်ပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

PDF တပ်ဖွဲ့ရဲ့ စစ်တပ်အာဏာသိမ်းမှုအပေါ် ဘယ်လိုခံစားရသလဲဆိုတဲ့ မေးမြန်းချက်ကို ဗိုလ်မှူးအောင်ဖြိုးဝေက “ကျနော်တို့တော့ အလုပ်ပိုရှုပ်ပြီလို့ပဲ ခံစားလိုက်ရတယ်၊ ကျနော်တို့တော့ ပင်ပန်းတော့မယ်ပေါ့။ ကျန်တာကတော့ ဆက်မတွေးမိဘူး”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းစက ရက္ခိုင်ဒေသသို့ ရောက်နေတာမို့ အာဏာသိမ်းတာကို ချက်ချင်း မသိရရဘဲ လေးရက်လောက်ကြာမှ သိရတာလို့လည်း သူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ရှိ စစ်အရာရှိတွေဟာ တပ်မတော်ဟာ ပြည်သူရွေးကောက်ထားသော အရပ်သားအစိုးရထက် ကဏ္ဍတိုင်းတွင် စီမံနိုင်တယ်ဆိုတဲ့ စစ်တပ်ဝါဒဖြန့်မှုများကို အစဉ်အမြဲ ယုံကြည်သူများဖြစ်ပြီး စစ်တပ်အုပ်ချုပ်မှုအောက်တွင် စစ်တပ်အရာရှိများသာ ချမ်းသာနေကာ ပြည်သူများ ဆင်းရဲမွဲတေခဲ့မှုကို မျက်ကွယ်ပြု လျစ်လျူရှုသူများသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်အရာရှိတွေကို ဖမ်းဆီးရမိချိန် သုံ့ပန်းအဖြစ် ဂျီနီဗာကွန်ဗင်းရှင်း၊ စစ်ဥပဒေများအတိုင်း ကောင်းမွန်စွာ စောင့်ရှောက်ထားဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးပါတယ်။

“အကြမ်းဖက်စစ်တပ်အတွက် ပြည်သူကို မနှိပ်စက်လိုတော့သော”၊ လူစိတ်ကျန်ရှိနေသေးသည့် သန္ဓေ၊ ပစ များအနေနဲ့ ပြည်သူ့မျက်နှာကိုကြည့်ကာ အမှန်တရားဘက်သို့ အမြန်ဆုံး ရပ်တည်ကူးပြောင်းကြဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က တိုက်တွန်းထားပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတာကို လက်ကမ်းကြိုဆိုနေမယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။