Connect with us

Hi, what are you looking for?

သတင်း

မိုးများပြီးတောင်ကြီး-ဟိုပုံးလမ်းမပေါ် ကျောက်တုံးကြီးပြုတ်ကျ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က တောင်ကြီး-ဟိုပုံးသွားပြည်ထောင်စုလမ်းမပေါ် နေအိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံးကြီးပြုတ်ကျလာလို့ ကားနဲ့လမ်းဘေးအဆောက်အအုံတစ်ခု ပျက်စီးခဲ့ပါတယ်။

(တောင်ကြီး-ဟိုပုံးသွားပြည်ထောင်စုလမ်းမပေါ် ကျောက်တုံးကြီး ကျလာစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ-၂၀၊၂၀၂၆။ ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က တောင်ကြီး-ဟိုပုံးသွားပြည်ထောင်စုလမ်းမပေါ် နေအိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံးကြီးပြုတ်ကျလာလို့ ကားနဲ့လမ်းဘေးအဆောက်အအုံတစ်ခု ပျက်စီးခဲ့ပါတယ်။

တောင်ကြီးမြို့က ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံးရဲ့ အနောက်ဘက်ရှိတောင်ပေါ်ကနေ အလျား ၄၁အနံ ၂၀ အမြင့် ၁၂ ပေအရွယ် ကျောက်တုံးကြီးဟာ စက်တင်ဘာ ၁၉ရက်ည ၁၀နာရီကျော်မှာ ပြုတ်ကျတာလို့ ဒေသခံတွေကပြောပါတယ်။

” ကျောက်တုံးကြီးက တစ်ထပ်တိုက်အိမ်တစ်လုံးစာလောက်ရှိတယ်။ ကားတစ်စီးပြားသွားတယ်။လမ်းဘေးက ဆီဆိုင်လည်းနည်းနည်းထိသွားတယ်။ ကံကောင်းတာကညနက်ပိုင်းမို့လို့ လူအသွားအလာမရှိချိန်မှာမို့။ လူတွေအထိခိုက်မရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကြီးမြို့နယ်မှာ ယခုရက်ပိုင်း နေ့စဉ်လိုလိုမိုးရွာပြီး တောင်ပေါ်က မြေတွေအိကျတာကနေ ကျောက်တုံးကြီးပြုတ်ကျလာတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောက်တုံးကြီးကို မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံလူမှုရေးအဖွဲ့တွေက စက်ယန္တရားတွေသုံးပြီး ညတွင်းချင်း ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။

မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်မှာတော့ ပျက်စီးဆုံးရှုံးမှု ဖော်ပြမထားပါဘူး။

တောင်ကြီးမြို့မှာ ၂၀၂၄ မိုးရာသီက ရာဂီမုန်တိုင်း ကြောင့် မိုးကောင်းစဉ်ကလည်း တောင်ပေါ်ကနေ ကျောက်တုံးကြီးတချို့ပြုတ်ကျလာလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်−မိုင်းပွန်လမ်းကြားရှိ ခေါင်းနွှဲ့တောင်မှာလည်း မြေကျွံကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

စက်တက်ဘာလလယ်အတွင်း ဒေသအများစု မိုးဆက်ရွာနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်မိုးကြီးခြင်းနဲ့လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ MoSLHA က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်တပ်က လူငယ် ၅၀ကျော် ပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ TGI Support Revolution က အသိပေးပါတယ်။

သတင်း

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ အိမ်ကနေ ပြင်ပထွက်ရာက ပျောက်ဆုံးနေတဲ့ ၉ တန်းကျောင်းသားကို ၆ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရပြီး အမှုကို ဖော်ထုတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တန်ဆောင်မုန်းလပြည့်ညကလူငယ်တွေစုပြီး ကာလသားဟင်းချက်စားဖို့ ကြက်ခိုးတဲ့အထဲက လူငယ်တစ်ဦးကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အမတ်လောင်း စိုင်း​ရွှေထီး နဲ့ သားဖြစ်သူက ရိုက်နှက်လို့ သေဆုံးသွားပါတယ်။