Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ ရေကြီးလို့ သီးနှံတွေ ပျက်စီး

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

(ရေကြီးနေ၍ နေအိမ်များမှ ပစ္စည်းများအား ရွှေ့ပြောင်းနေသော ပြည်သူများအား တွေ့ရစဥ် ဓာတ်ပုံံ-ScreenGrab)

စက်တင်ဘာ၂၀၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာမှာ စက်တင်ဘာ ၁၉ ရက် မနက် ၃ နာရီကျော်ကတည်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ဆီမီးကန်ချောင်းရေလျှံပြီး ဆီမီးကန်ကျေးရွာအုပ်စုက ကျေးရွာတွေ နေအိမ်​တွေအထိ ရေတွေဝင်လာလို့ အမြန်ရွေ့ပြောင်းခဲ့ရကြောင်း ဒေသခံ​တွေက ပြောပါတယ်။

“အနှစ်လေးဆယ်ကျော်နေလာတာ တခါမှ ချောင်းရေမလာဖူးပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမြန်မရွှေ့လိုက်နိုင်တဲ့ နေအိမ်တွေကတော့ ပစ္စည်းတွေ ရေထဲမျောပါဆုံးရှုံးသွားကြောင်း သိရပါတယ်။

ရေကြီးမှုကြောင့် ဆီမီးကန်ကျေးရွာအုပ်စုက ပဲခင်းတွေအပါအဝင် စိုက်ပျိုးထားတဲ့သီးနှံခင်းအများအပြား ရေမြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ နောက် ၂ ရက်အတွက်ခန့်မှန်းချက်ထုတ်ပြန်ထားရာမှာ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်အတွင်းက စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆၁၉,၇၆၈ ဦးခန့် ထိခိုက်ခံစာခဲ့ရပြီး သေဆုံးသူ ၃၂ ဦးနဲ့ပျောက်ဆုံးသူ ၂ ဦး ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။