Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နဲ့ ရွှေကူတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို လေကြောင်းကနေ မပခ နဲ့ ရမခ ပို့ ဆေးကုနေ

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

(KIA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်သိမ်းထားတဲ့စစ်တပ်သင်္ဘော တစ်စီးကို ​တော်လှန်​ရေးတပ်​တွေက​ဖောက်ခွဲစဥ်။ဓါတ်ပုံ-Screengrab)

စက်တင်ဘာ-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

“ထိတာတွေ မနည်းဘူး။ ဟတ်စကီးနဲ့ အခေါက်ခေါက်သယ်ရတာ။ ရမခကိုပါ ပို့ရတာ” လို့ စစ်ကောင်စီရဲ့ကချင်ပြည်နယ်အစိုးကအဖွဲ့ရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်

ဩဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းကစပြီး ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တွေက ကသာ၊ရွှေကူနဲ့ ဗန်းမော်မြို့နယ်ကြားမှာ တိုက်ခိုက်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုတွေ များနေပါတယ်။ စက်တင်ဘာလဆန်းက တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ သင်္ဘောအစီး‌ ရေ၂ဝခန့်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIAက စက်တင်ဘာ ၁၆ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဘောတွေ ဖျက်ဆီးခံရတဲ့အပြင် အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးသလို စစ်သုံ့ပန်း ရာချီပြီး KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဧရာဝတီမြစ်အတွင်းမှာ နောက်ထပ် စစ်သင်္ဘောတွေ ရှိနေပြီး KIA၊KPDF ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက် နေပါတယ်။နောက်ထပ် သင်္ဘောတွေဖျက်ဆီးခံရတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

” ဒဏ်ရာရတွေထဲမှာ အရာရှိတွေအများစုပါတာ။ ရင်းမှူးတောင်ကျတယ်ကြားတယ်။ လားရှိူးရမခထဲကို မနေ့ကအထိ ရဟတ်ယာဉ်တွေ ဆက်တိုက်ဆင်းတယ်”လို့ လားရှိူးမြို့ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ၂၀၂၃ အောက်တိုဘာက ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြို့နဲ့အတူ ရမခကိုပါ သိမ်းယူခဲ့တာပါ။ဒါပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်ကပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ ပြန်လည်တောင်းယူခဲ့ပါတယ်။ စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်စခန်းတချို့ကို KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူ‌နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး