Connect with us

Hi, what are you looking for?

သတင်း

မင်းလှမှာ စစ်တပ်ထံအညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်ထံ ထွက်ပြေး အညံ့ခံသွားတဲ့ အောင်ကိုကို(ခ) ရေခဲ။ ဓာတ်ပုံ - သာယာဝတီခရိုင် အမှတ် (၂)တပ်ရင်း)

စက်တင်ဘာ -၂၃၊၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်က မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းက အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ရုပ်အလောင်းကို စက်တင်ဘာ၂၀ ရက် ညပိုင်းက မီးသဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။

“မင်းလှရဲစခန်းမှာ။အလောင်းတောင်ပြန်မရဘူး။သဂြိုလ်မယ့်နေ့ညရောက်မှ မိသားစုကို ခေါ်တာ။နောက်ထပ် ဖမ်းခံထားရတဲ့ အမျိုးသမီးတွေရော အမျိုးသား ငါးဦး၊‌ခြောက်ဦးလောက်ထိ ရှိတယ်”လို့ မင်းလှ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကိုဝေဖြိုးဟာ PDF ကို ထောက်ပံ့မှုနဲ့ စစ်တပ်လှုပ်ရှားမှု ကို ဖြန့်ဝေနေတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် သေနတ်လုခုခံလို့ ပစ်ခတ်စဉ်သေဆုံးခဲ့ရတာလို့ စစ်တပ်က မင်းလှမြို့ပေါ်မှာ သတင်းဖြန့်ထားပါတယ်။

ကိုဝေဖြိုးနဲ့ အတူ မင်းလှမြို့ဒေသခံ ၅ဦးထက်မနည်း ဖမ်းဆီးခံရမှုဟာ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်းက ထွက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားသူ ရဲဘော် အောင်ကိုကို(ခ)ရေခဲနဲ့ သက်ဆိုင်တယ်လို့ အခြေအနေကို သိရှိသူတချို့က ပြောပါတယ်။

“သူထွက်ပြေးတာ ၂ လကျော်လောက်ရှိပြီ။မင်းလှ တာကျိုးရွာသား။သူက တပ်ရဲ ရိက္ခာငွေတွေပါ ယူသွားတာ”လို့ သာယာ၀တီခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သာယာဝတီခရိုင် အမှတ် (၂)တပ်ရင်းထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်က ရဲကွန်မန်ဒိုနဲ့ ပြည်သူ့စစ်တွေအပါအ၀င် အင်အား ၄၀၀ ၀န်းကျင်နဲ့ မင်းလှနဲ့ လက်ပံတန်းမြို့နယ်တွေကို စစ်ကြောင်းထိုးနေတာကြောင့် မကြာခဏထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းမှူး အပါအ၀င် ထိခိုက်သေဆုံးသူ ၃၀ ၀န်းကျင်ရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ‌ပြောထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook