Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်က ကျေးရွာတွေ စစ်တပ်ဗုံးကြဲ အရပ်သား ၂ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

Screenshot

စက်တင်ဘာ၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ ဆက်စပ်တဲ့မဲဇာ-စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးကျေးရွာတွေကိုဒီနေ့ စက်တင်ဘာ၂၃ရက် မနက် ၁၁နာရီခွဲခန့်မှာ စစ်‌တပ်က Y-12နဲ့ ဗုံးကြဲတာပါ။

ဒေသခံတွေပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တွေကို ကြဲချလို့ ဆီကားတချို့မီးလောင်ခဲ့သလို ယာဉ်မောင်း ၁ဦးနဲ့ယာဥ်နောက်လိုက် ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” ရွာစဉ်အလိုက်ကြီး ကြဲတာ။ စုစုပေါင်း ဗုံးအလုံးရေ ၃၀ ကျော်နိုင်တယ်။ တကယ့်ကို ရက်ရက်စက်စက်ပဲ။ သေဆုံးနှစ်ဦးအပြင်ဒဏ်ရာရ ဆယ်ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေ”လို့ အင်းတော်မြို့ခံတစ်ဦးကပြောပါတယ်။

အင်းဝောာ်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ဗုံးလာကြဲသွားတာလို့ မြို့ခံတွေကပြောပါတယ်။

စစ်တပ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းမှာ လူစည်ကားရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၈ရက်ကလည်း မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းက ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးကို ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၆ ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook