Connect with us

Hi, what are you looking for?

News

နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ အသက်ရှင်ခွင့်နှင့်လူ့အခွင့်အရေးကို အမြန်ဆုံးကာကွယ်ပေးရန် CRPH တိုက်တွန်း

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ရှိ အရပ်သားပြည်သူ ၃၅ဦးကျော်အား စစ်ကောင်စီတပ်ဖွဲ့များက လူမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ CRPHက ယနေ့ သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ရှိ အရပ်သားပြည်သူ ၃၅ဦးကျော်အား စစ်ကောင်စီတပ်ဖွဲ့များက လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

စစ်ကောင်စီသည် မြန်မာပြည်သူတို့အပေါ်၌ အကြမ်းဖက်လုပ်ရပ်များ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အ၀န်းက မြန်မာပြည်သူတို့၏ အသက်ရှင်သန်ခွင့်နှင့် လူ့အခွင့်အရေးတို့အတွက် ကာကွယ်ပေးရန် အမြန်ဆုံးနှင့် အရေးတကြီး လုပ်ဆောင်ရန် လိုအပ် ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က တိုက်တွန်းလိုက်သည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ရှိ အရပ်သားပြည်သူ ၃၅ဦးကျော်အား စစ်ကောင်စီတပ်ဖွဲ့များက လူမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ CRPHက ယနေ့ သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် ပြည်တွင်း ဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့် ကျင့်၀တ် များကိုသာမက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်များကိုပါ ပြောင်ပြောင် တင်းတင်း ချိုးဖောက် လျက်ရှိကြောင်း ဖော်ပြထားသည်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လုပ်ဆောင်မှုများသည် လူသားမျိုးနွယ်စုအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူး လွန်သည့် ရက်စက်ကြမ်းကြုတ်မှုဖြစ်ပြီး ယခင်နှစ်ပေါင်း ၇၀ကျော် အချိန်မှစ၍ ယခုအချိန်တိုင် ပြည်သူတို့ အပေါ်၌ စစ်ကောင်စီတပ်များက ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ခရစ်ယာန်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကျင်းပသည့် ကာလ၌ပင် ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၀င်များက ကျူးလွန်ခဲ့သည့် လူမဆန်သော အကြမ်းဖက်လုပ်ရပ် များသည် မတရား လုယူထားသည့် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွား မထိခိုက်ရေး နိုင်ငံတ၀ှမ်းရှိ လူနည်းစု တိုင်းရင်းသားများအပါအ၀င် အပြစ်မဲ့ပြည်သူပြည်သားများအပေါ်၌ ပိုမို ရက်စက်ကြမ်းကြုတ်သည့် လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်မည့် သဘောထားပင် ဖြစ်ကြောင်း CRPH ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိတ်လန့်ဖွယ် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် အရပ်သားပြည်သူများနှင့် မိသားစုတို့အတွက် များစွာ ထိခိုက် ကြေကွဲရပြီး စစ်ကောင်စီတပ်ဖွဲ့များက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားနိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် နိုင်ငံတကာအသိုက်အ၀န်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၄ရက်တွင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာတွင် အရပ်သား ပြည်သူ ၃၅ဦးကို ဖမ်းဆီးပြီး မော်တော်ယာဉ်များပေါ်တင် ဓာတ်ဆီလောင်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအဖွဲ့ အစည်းများက ထုတ်ပြန်ထားသည်။ သတ်ဖြတ်ခံရသူများထံတွင် ကလေးငယ်၊ အမျိုးသမီး၊ ကူညီရေးအဖွဲ့ INGO ဝန်ထမ်းအချို့လည်း ပါဝင်သည်ဟု ဆိုသည်။ ထို့ပြင် ပြည်သူများကို ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန် သွားရောက်တောင်းဆိုသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကိုပင် စစ်ကောင်စီ တပ်က ပြန်လည်သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။