စက်တင်ဘာ-၂၄၊၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပျဉ်းတော်ကျေးရွာက အာဏာသိမ်းစစ်တပ်ရဲ့ကြံစိုက်ပျိုးရေးတပ်ကို ကာထားတဲ့ပျူစောထီးကာကင်းစခန်းအား တော်လှန်ရေးတပ်တွေက ဒီနေ့မနက် ဝင်တိုက်ခဲ့ပြီး ပျူစောထီး၇ ဦး သေဆုံးပြီး လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဇီးကုန်းတိုက်နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။
စက်တင်ဘာလ၂၄ ရက်နေ့ မနက် ၂နာရီ လောက်မှာ ပျဉ်းတော်ရွာရဲ့ မြောက်ဘက်က ပျူစောထီးတွေရဲ့ကာကင်းကို တော်လှန်ရေး တပ် တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးနဲ့လက်နက်တချို့သိမ်းယူနိုင်ခဲ့တာပါ။
“ကစရတပ်ပေါ့။ကြံစိုက်ပျိုးရေးတပ်ကိုကာထားတဲ့ ကာကင်းပါ။ဒီနားမှာစစ်တပ်ကြီးရှိတယ်။ဇီးကုန်းအမှတ်(၁)သကြားစက်ရုံပေါ။အဲတာကိုကာတဲ့တပ်ပါ။အရေးပါတဲ့ကာကင်းတခုဖြစ်တာပေါ့”လို့ ဇီးကုန်းတိုက်နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

Public Service Announcement
ပျဉ်းတော်ရွာမှာ စစ်တပ်လက်အောက်ခံပျူစောထီးအဖြစ်ရွာသား ၅၀ ဦးကဝင်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ပျူစောထီးတွေဟာ ဒီတပ်ကို ကာကွယ်ဖို့အတွက် ရွာရဲ့ မြောက်ဘက်ကနေ ကာကင်းထားရှိထားတာလို့ သိရပါတယ်။
ဒါ့အပြင် ဒီကာကင်းဟာ ဂိတ်ဖွင့်ပြီး လမ်းသွားလမ်းလာပြည်သူ တွေဆီက ငွေကြေးကောက်ခံတာတွေလည်းလုပ်တယ်လို့သိရပါတယ်။



















































