Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မီးသတ်ကားရဲ့ ဆီထုတ်ခွင့် QR ကိုပွားပြီး ဆီထုတ်သွား

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

(ဆီထုတ်လို့မရခဲ့တဲ့ မီးသတ်ယာဥ်၊ ဆီထုတ်ယူပြီးကြောင်း ဆီဆိုင်၏ ဖုန်းထဲတွင် ပေါ်နေစဥ်။ ဓါတ်ပုံံ-မဟာအောင်မြေမြို့နယ်အရန်မီးသတ်တပ်ရင်းရုံး)

စက်တင်ဘာ ၂၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

မနေ့က စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီလောက်မှာ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက် အရန်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်ဟာ ၇၈ လမ်းနဲ့ ၄၀ လမ်းထောင့်မှာရှိတဲ့ Regency (MEC) ဆီဆိုင်မှာ ဒီဇယ်ဆီ သွားရောက်ဝယ်ယူခဲ့ပါတယ်။ အဲဒီလို ဝယ်ယူစဉ် ကားရဲ့ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ကို စကန်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ ဒီမီးသတ်ကားနံပါတ် (7K-6714) နဲ့ပဲ လွန်ခဲ့တဲ့ နာရီဝက်ခန့်က ချမ်းမြသာစည်မြို့နယ်ထဲက “လိုတရ ၂” ဆီဆိုင်မှာ ဒီဇယ် ၁၉၆ လီတာ (ဂါလံ ၅၀ နီးပါး) ထုတ်ယူပြီးသားဖြစ်နေလို့ ဆီဝယ်ယူခွင့်မရှိတော့ဘူးဆိုပြီး ပြသနေခဲ့ကြောင်း မဟာအောင်မြေမြို့နယ်အရန်မီးသတ်တပ်ရင်းရုံးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ဒါ့ကြောင့် မီးသတ်ဌာန ကယ်ဆယ်ရေးယာဉ် နံပါတ် 7K-6714 ရဲ့ ယာဉ်သက်သေခံလက်မှတ်ကို အပွား၊ မိတ္ထူ ဒါမှမဟုတ် အတုအပ လုပ်ပြီး လိမ်လည်ထုတ်ယူနေကြတာဖြစ်လို့ သက်ဆိုင်ရာကနေတစ်ဆင့် ဆက်သွယ်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က စက်သုံးဆီ ချွေတာရေးဆိုပြီး ယခုနှစ် မတ်လက စတင်ကာ မော်တော်ယာဥ်တွေကို QR ကုတ်လုပ်ပေးကာ စက်သုံးဆီအကန့်အသတ်နဲ့ စတင်ရောင်းချပြီးနောက်ပိုင်း QR ကုတ် ပွားကာ စက်သုံးဆီထုတ်ယူမှုတွေ အဖြစ်များနေကြောင်း မန္တလေးဒေသခံအချို့က ပြောပါတယ်။

“ဆိုင်မှာ CCTV ရှိတာတောင် ဖော်ထုတ်လို့မရဘူးဖြစ်နေတယ်။ သူ့အရင် ဦးအောင်ဆီထည့်နေရတာ”လို့ QR အပွားခံထားရတဲ့ မော်တော်ယာဥ်ပိုင်ရှင်တစ်ဦး​က ပြောပါတယ်။

မီးသတ်ကား လိုင်စင်နံပါတ်ပွားပြီး ဆီထုတ်ခံရတဲ့ မဟာအောင်မြေမြို့နယ်အရန်မီးသတ်တပ်ရင်းရုံးကတော့ စက်သုံးဆီဆိုင်တွေအနေနဲ့လည်း အဆိုပါ မီးသတ်ကားရဲ့ 7K-6714 နံပါတ်တပ်ထားတဲ့ အရပ်သုံးကားနဲ့ လာရောက်ဝယ်ယူပါက စက်သုံးဆီ ရောင်းချပေးခြင်းမပြုဘဲ မဟာအောင်မြေမြို့နယ် အရန်မီးသတ်တပ်ရင်းရုံးသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးကြဖို့ မီးသတ်တပ်ဖွဲ့က မေတ္တာရပ်ခံ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook