Connect with us

Hi, what are you looking for?

သတင်း

ရန်သူ့ လေကြောင်းတိုက်ခိုက်မှုကြုံရချိန်မှာ ခွန်အားရှိကြောင်းပြဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေပြော

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

(အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲ့နှင့် နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများ အစည်းအဝေးပြုလုပ်နေတာကို ဩဂုတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန)

စက်တင်ဘာ ၂၅၊၂၀၂၆။ ထားမြတ်/People’s Spring

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ရဲဘော်အချို့ ကျဆုံးကာ တိုင်းကွပ်ကဲရေးမှူးရဲဘော်အောင်စံရှားဒဏ်ရာရခဲ့တာရှိပေမဲ့ အထူးတိုင်းစစ်ဌာနက လုပ်ဆောင်နေတဲ့ ၀ိုင်းချစ်မယ့် တိုင်းစစ် ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းကို စက်တင်ဘာ ၂၅ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကမ်ပိန်းမှာ မြေပြင်မှာရှိတဲ့ အထူးတိုင်းစစ်ဌာန ရဲဘော်တွေက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးတိုင်းစစ်ဌာနအနေနဲ့ စက်တင်ဘာ၂၄ရက်က လေကြောင်း တိုက်ခိုက်မှုခံရပေမဲ့ ဒီကနေ့ ရန်ပုံငွေ ရှာဖွေပွဲ ကမ်ပိန်းလိုက်ဖ်လွှင့်တာဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော် ကဗျာဆရာသင့်သူကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရန်သူစစ်ကောင်စီကို ရင်ဆိုင်နေရတဲ့အခါမှာ အခက်အခဲတွေအများကြီးရှိတယ်။ လုံခြုံရေးသတိ တော်တော်ကြီးကြီးမားမားထားပြီးလုပ်ရတယ်။ဒါပေမဲ့လို့ အဲဒီလိုပဲဒီကမ်ပိန်းကလည်း တကယ်ကို အောင်မြင်ဖို့လိုတယ်” လို့ ရဲဘော်သင့်သူကပြောပါတယ်။

ကမ်ပိန်းလိုက်ဖ်လွှင့်တာဟာ တဖက်မှာအန္တရာယ်ရှိသလို တဖက်မှာအကျိုးအမြတ်ရှိကြောင်း ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ရဲဘော်တွေရှိသလို အထူးတိုင်းမှာ တာဝန်ထမ်းဆောင်ရင်းကျသွားတဲ့CDM ဆရာကြီးတဦးရှိကြောင်း၊ ရဲဘော်တွေကျပေမဲ့ လုပ်ဆောင်ရမယ့်အရာတွေ ရပ်လိုက်လို့မရဘဲ ဆက်လုပ်ရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ရန်သူစစ်တပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာကြောင်း၊ ဒီလို လေကြောင်းတိုက်ခိုက်မှု တိုးလုပ်လာတာဟာ စစ်ကောင်စီဟာမြေပြင်စိုးမိုးမှုတွေလျော့လာတဲ့အတွက် မြေပြင်စစ်ကြောင်းထိုးမရတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုလုပ်တာဖြစ်ကြောင်း အသိပေးပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးနယ်မြေဟာမဟာဗျူဟာအရများစွာ အရေးကြီးတဲ့နေရာဖြစ်လို့ အရေးကြီးတဲ့လမ်းပိုင်းတွေ ရှိတဲ့ စစ်ဒေသ ဖြစ်လို့ စစ်တပ်ဟာသဲသဲမဲမဲတိုက်ခိုက်နေကြောင်းလည်း သူက ပြောပါတယ်။

“ ကျနော်တို့ အထူးတိုင်းအနေနဲ့ ထိခိုက်နစ်နာမှုရှိပေမဲ့ကျနော်တို့မရပ်ဘူး ဆက်သွားမှာ ဖြစ်တဲ့အတွက်လိုအပ်တာတွေကိုကျနော်တို့ကိုကူပေးပါ ပြည်သူလူထုအနေနဲ့” လို့ ရဲဘော်သင့်သူက ပြောပါတယ်။

အထူးတိုင်းစစ်ဌာန ရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်စည်သူကလည်း ရန်သူက လေကြောင်းတိုက်ခိုက်ပြလို့ ကြောက်ပါတယ်လို့ လုပ်လို့မရကြောင်း ပြောပါတယ်။ ဘယ်လိုအခက်အခဲ အကြပ်အတည်းကြုံကြုံ လုပ်ရမယ့် အလုပ်တွေ ဆက်လုပ်ရမယ်လို့လည်း သူက ပြောပါတယ်။

ရဲဘော်ကျဆုံးမှုအတွက် ဝမ်းနည်းလို့ရပေမဲ့ အချိန်ကြာမြင့်စွာဝမ်းနည်းနေလို့မရဘဲ အလုပ်တွေ ပိုလုပ်ဆောင်ရမှာတွေရှိတယ်လို့ ရဲဘော်ကိုစည်သူက ပြောပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့ ပြည်သူတွေ ပံ့ပိုးမှုလိုအပ်ကြောင်း၊ ဒီလို ပံ့ပိုးမှုရှိမှသာဆက်လက်တော်လှန်၊ဆက်လက်ချေမှုန်းလို့မှာ ဖြစ်ကြောင်း ရဲဘော်စည်သူက ပြောပါတယ်။

“ ဒီလိုမျိုး(လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်)ဖြစ်လာပြီဆိုရင် ကျနော်တို့က ဒီထက်ပိုခွန်အားပြဖို့လိုပါတယ်။ ဟေ့ရောင် မင်းတို့ပဲ လုပ်နိုင်တာမဟုတ်ဘူး ငါတို့လည်းလုပ်နိုင်တယ်ဆိုတဲ့ခွန်အားမျိုးကို ပြဖို့ လိုပါတယ်” လို့ ရဲဘော်စည်သူကပြောပါတယ်။ ဒီလိုခွန်အားပြနိုင်ဖို့ စစ်ဆင်ရေးအတွက်လိုအပ်တဲ့ ခဲယမ်းရိက္ခာတွေ ဖြည့်တင်းမှရမယ်လို့ ပြောပြပြီး တော်လှန်ပြည်သူတွေအနေနဲ့ အထူးတိုင်းစစ်ဌာနရဲ့ ကမ်ပိန်းကိုတက်နိုင်သမျှ ပံ့ပိုး ပါဝင်ကြဖို့ တိုက်တွန်းပါတယ်။

ကမ်ပိန်းမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုထောက်ပို့မှုဟာမြေပြင်ကရဲဘော်တွေရဲ့ အသက်နဲ့ဆက်စပ်နေလို့တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပါတယ်။

“ ရဲဘော်တွေ အားလုံးပြောကြားတဲ့ စကားတွေကြည့်ခြင်းအားဖြင့် ကျနော်တို့တွေမှာ အင်အားကြီးမားတဲ့ရန်သူကိုရင်ဆိုင်နေရတဲ့အခါကျတော့ ကျနော်တို့တွေ တခါတခါကျရင် လက်ဝှေ့ပွဲနဲ့ ပြောရင်ကျနော်တို့လည်း အထိုးခံရတာတွေရှိတာပေါ့နော်။ ဒါပေမဲ့ ဘယ်ထိုးနှက်ချက်ကမှ ကျနော်တို့ကို လဲပြိုကျသွားစေမှာ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့တွေ မဖြစ်မနေကျနော်တို့ ပန်းတိုင်ရောက်တဲ့အထိ ဒီလိုမျိုး ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ မရရအောင် ဆက်ပြီးတော့လျှောက်ကြမယ် ဆိုတဲ့ စိတ်အား သတ္တိကိုရဲဘော်တွေ ပြောသွားကြတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ဒါဟာ စကား၀ိုင်းမှာ ပါတဲ့ ရဲဘော်တွေသာမက မြေပြင်ကရဲဘော်တွေရော ပြည်သူတွေရော အခုအချိန်ထိတစိုက်မတ်မတ် ရှိနေတယ်လို့ ဦးနေဘုန်းလတ်က ပြောကြားပါတယ်။

အထူးတိုင်းစစ်ဌာနက အခု လုပ်ဆောင်နေတဲ့ ကမ်ပိန်းရဲ့ ရည်မှန်းချက်ဟာ သိန်း၅၀၀၀ ဖြစ်တာမို့ သတ်မှတ် ရည်မှန်းချက် ပြည့်၀ ကျော်လွန်အောင် ပါဝင်ပေးကြဖို့လည်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။ စစ်ဆင်ရေးအတွက် ခဲယမ်းတွေ ရိက္ခာတွေဟာ မဖြစ်မနေလိုအပ်တာမို့ ပြည်သူတွေရဲ့ ပါဝင်မှုအားဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

တော်လှန်ရေးဟာ အောင်မြင်မှုလမ်းစ ပေါ်ရောက်လာတာနဲ့အမျှ သတင်းတွေလုံခြုံမှုရှိဖို့လိုအပ်ကြောင်း လည်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။ တချို့သတင်းတွေဟာ အသက်တွေနဲ့ဆက်စပ်နေလို့ တော်လှန်ရေးရေချိန်နဲ့ ဆက်စပ်နေတာကို မီဒီယာတွေကို သိစေချင်ကြောင်းလည်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေကပြောပါတယ်။ ဒါကြောင့် သတင်းလုံခြုံမှုအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ အထူးတိုင်း စစ်ဌာန ရဲဘော်တွေက ပန်ကြားပါတယ်။

ဒါ့အပြင် လူထုအနေနဲ့ ရန်သူစစ်တပ်ရဲ့ သွေးခွဲမှုတွေကို သတိထားဖို့လည်း အထူးတိုင်းစစ်ဌာနရဲဘော်တွေက ပြောပါတယ်။ ရန်သူဟာ တော်လှန်ရေးနဲ့ ပြည်သူကို သွေးခွဲဖို့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CDM တပ်ကြပ်ကြီးနေဝင်းအောင်ကျဆုံးရတဲ့အပေါ် ဝမ်းနည်းကြောင်း၊အာဇာနည်အဖြစ်အလေးပြုကြောင်းNUG ဝန်ကြီးချုပ်ရုံးဝန်ကြီးဖော်ပြ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook