Connect with us

Hi, what are you looking for?

သတင်း

လက်မှတ်ပြန်အမ်းရတာတွေကြုံခဲ့ပေမယ့် Rဇာနည် နဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ ဖျော်ဖြေပွဲ အမြတ်ငွေ ဒေါ်လာ ၃၈၀၀၀ ကျော်ရရှိ

နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ Rဇာနည်နဲ့ဖြူဖြူကျော်သိန်းတို့ရဲ့ ဖျော်ဖြေပွဲကနေ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၈၀၀၀ ကျော်ရရှိခဲ့ပြီး မြေပြင်ကလိုအပ်တဲ့နေရာတွေကို ကူညီသွားမယ်လို့ NYCBC က အသိပေးထားပါတယ်။

စက်တင်ဘာ-၂၇၊၂၀၂၆/ဆဏ်း/People’s Spring

နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ Rဇာနည်နဲ့ဖြူဖြူကျော်သိန်းတို့ရဲ့ ဖျော်ဖြေပွဲကနေ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၈၀၀၀ ကျော်ရရှိခဲ့ပြီး မြေပြင်ကလိုအပ်တဲ့နေရာတွေကို ကူညီသွားမယ်လို့ NYCBC က အသိပေးထားပါတယ်။

ဒီဖျော်ဖြေပွဲကို စက်တင်ဘာ ၁၂ ရက်က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖြူဖြူကျော်သိန်း အမေရိကန်ဝင်ခွင့်ဗီဇာ မရလို့ လူကိုယ်တိုင် မလာရောက်နိုင်ခဲ့တာ‌ ကြောင့်လက်မှတ်ပြန်အမ်းငွေထုတ်ယူတာတွေ တော်တော်များများကြုံခဲ့ရတယ်လို့ NYCBC က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း အမာခံပရိသတ်တွေနဲ့ နယူးယောက်ကထောက်ပို့ မိတ်ဆွေတွေရဲ့ အားပေးမှုတွေကြောင့် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၈၀၁၂.၂၄ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ရရှိလာသော ရံပုံငွေအားလုံးကို မြန်မာပြည်ရှိလိုအပ်သောနေရာ အသီးသီးသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ထောက်ပို့လှူဒါန်းသွားပါမည်။” လို့ NYCBC က ထုတ်ပြန်ထားပါတယ်။

ဒီဖျော်ဖြေပွဲကို ဖြူဖြူကျော်သိန်း လူကိုယ်တိုင်မလာရောက်နိုင်ပေမယ့် အွန်လိုင်းကနေ တစ်ကိုယ်တော်သီချင်းတွေ အပါအဝင် ‌Rဇာနည်နဲ့လည်းစုံတွဲသီချင်းတွေသီဆိုပေးခဲ့ပါတယ်။

ဒါ့အပြင် ဖျော်ဖြေပွဲမှာ R ဇာနည်နဲ့ အတူ Mသီဟနဲ့ ခင်စုစုနိုင်တို့ကလည်း အားဖြည့်သီ‌ဆိုမှုတွေပြုလုပ်ပေးခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

အဆိုတော်ဖြူဖြူ‌ကျော်သိန်းက ဗီဇာမရတာကြောင့် နယူး‌ယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

သတင်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

Facebook