Connect with us

Hi, what are you looking for?

သတင်း

မြန်မာမှာ TikTok ကို VPN မပါဘဲ အသုံးပြုလို့မရတော့

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ် Application ဖြစ်တဲ့ TikTok ကို VPN အသုံးပြုမှသာ ဝင်ရောက်နိုင်တော့ကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

(ဖုန်းအသုံးပြုနေသူ ၂ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)

စက်တင်ဘာ ၂၈၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ် Application ဖြစ်တဲ့ TikTok ကို VPN အသုံးပြုမှသာ ဝင်ရောက်နိုင်တော့ကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းကစပြီး မြန်မာနိုင်ငံအတွင်းက TikTok သုံးစွဲသူတွေဟာ ဗွီဒီယိုတွေ ကြည့်လို့မရတော့တာအပါအဝင် TikTok လုပ်ဆောင်ချက်တွေ တစ်ခုမှ လုပ်ဆောင်လို့မရတော့ဘဲ VPN ခံမှသာ ပြန်လည်အသုံးပြုလို့ရကြောင်း သုံးစွဲသူတွေက ပြောပါတယ်။

“အခုနေ့လယ်ခင်းမှ ဖြစ်သွားတာ။ မနက်ကထိ vpnမခံလည်း ရတယ်”လို့ TikTok သုံးစွဲသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကတော့ TikTok app ဖြစ်စဥ်နဲ့ပတ်သက်ပြီး တစုံတရာ အသိပေးတာ မရှိသေးပါဘူး။

​အဲဒီ ကန့်သတ်ချက်ကြောင့် ပုံမှန်အသုံးပြုသူတွေ အဆင်မပြေမှုတွေ ရှိလာတဲ့အပြင် TikTok ကို အခြေပြုပြီး စီးပွားရေးလုပ်ကိုင်နေကြတဲ့ Content Creator တွေ၊ အွန်လိုင်းဈေးရောင်းသူတွေအတွက် ရိုက်ခတ်မှုတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း Facebook အပါအဝင် လူမှုကွန်ရက် Application တွေ၊ သတင်းဌာနတွေရဲ့ Website တွေကို ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် VPN ခံစရာမလိုတဲ့ TikTok မှာ သုံးစွဲသူတွေ များပြားလာပြီးနောက် တော်လှန်ရေးသမားတွေ၊ သတင်းဌာနတွေပါ TikTok သုံးလာကြတဲ့အချိန် TikTok ကိုပါ ထပ်မံပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင် စတဲ့ တော်လှန်ရေးအားကောင်းတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ မိုဘိုင်းဒေတာနဲ့ အင်တာနက်လိုင်းတွေကိုပါ ကာလရှည်ကြာ ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးအစွန်းရောက်ဘုန်ကြီးဦးသုစိတ္တရဲ့အကောင့်တွေကို Tiktok က ဖယ်ရှားခံလိုက်ရပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

Facebook