Connect with us

Hi, what are you looking for?

News

အဆို​တော်​ရေမွန် ရုတ်တရက်ကွယ်လွန်

ရေမွန်သည် အာဏာရှင်ဆန့်ကျင်ရေး လှူပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ဇွန် ၁၉ ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကိုလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ပုံတင်၍ပါဝင်ခဲ့သည်။

Idiots အဖွဲ့မှအဆိုတော်ရေမွန် ကွယ်လွန်သွားကြောင်း ၎င်းတို့အဖွဲ့၏ ဖေ့စ်ဘွတ်ခ်၌ တရားဝင်သတင်းထုတ်ပြန် သည်။
“မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပီ။ စိတ်ထားကောင်းတဲ့Raymond… ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း 🙏🏼 Rest In Power Brother ❤️”ဟု Idiots အဖွဲ့၏ ဖေ့စ်ဘွတ်ခ်၌ ဇွန်လ ၂၃ ရက်တွင် ရေးသားထားသည်။

ရေမွန် ကွယ်လွန်သွားသည့်အပေါ် အနုပညာမောင်နှမများအပါအဝင် ပရိသတ်များက ဝမ်းနည်းကြောင်း နှင့် နှမြောကြောင်း ရေးသား၍ မျှဝေထားသည်။
ငှက်ဖျားပိုးခေါင်းထဲသို့ရောက်ကာ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ရေမွန်နှင့်ရင်းနှီးသူတစ်ဦးက ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

ရေမွန်သည် အာဏာရှင်ဆန့်ကျင်ရေး လှူပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ဇွန် ၁၉ ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကိုလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ပုံတင်၍ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ က​လေးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နယ်မြေမတည်ငြိမ်မှုတွေကြားက စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၂) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။