Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာ မိုင်းကွဲပြီး ခရီးသည် ၁ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ၂၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး AD Van အမျိုးအစား ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ ကားပေါ်ပါ ယာဥ်မောင်းနဲ့ သံဃာတော် ၁ပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဘာကြောင့် ကွဲတယ်တော့ မသိရဘူး။ အဲဒီ ၂၈ ရက်နေ့ မနေ့က ယာဉ်တန်းတွေတော့ ကူးနေတယ်”လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အရင်ကလည်း မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီယာဥ်တွေ ဖြတ်သန်းချိန် မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတာကြောင့် စစ်တပ်ဟာ ခရီးသွားတွေကို ရှေ့ကနေ လူသားဒိုင်းအဖြစ် သွားခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာ-မန္တလေးကားလမ်းမှာ ၂၀၂၂ ဇူလိုင်ကလည်း ခရီးသည်တင်ယာဉ် ၁စီး မိုင်းထိမှန်ပြီး ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခရီးသည်တွေထံ ငွေတောင်းခံနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကြောင်း Area71 LPDF Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ ဝိန့်စိန်ရွှေဆိုင်က ရွှေပို့တဲ့ကားတစ်စီး ပြန်ပေးဆွဲခံလိုက်ရကြောင်း ဒေသခံများက ပြောပါတယ်။

Facebook