Connect with us

Hi, what are you looking for?

သတင်း

တရားရုံးက ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို ဂျုံမှုန့်နဲ့ လဲခံရတဲ့ကိစ္စ ဖီဂျီရဲတပ်ဖွဲ့ စုံစမ်းနေ

တရားရုံးရဲ့ ပစ္စည်းသက်သေတွေ ထိန်းသိမ်းရာ အခန်းထဲကနေ ဒေါ်လာသန်းချီတန်တဲ့ ကိုကင်းမှုန့်တွေကို ဂျုံမှုန့်နဲ့ အလဲခံထားရတဲ့ ဖြစ်စဉ်ကို ဖီဂျီရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

ဓာတ်ပုံ - EPA

တရားရုံးရဲ့ ပစ္စည်းသက်သေတွေ ထိန်းသိမ်းရာ အခန်းထဲကနေ ဒေါ်လာသန်းချီတန်တဲ့ ကိုကင်းမှုန့်တွေကို ဂျုံမှုန့်နဲ့ အလဲခံထားရတဲ့ ဖြစ်စဉ်ကို ဖီဂျီရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

အမေရိကန် ဒေါ်လာ ၁၃ သန်းကျော်လောက် တန်ဖိုးရှိပြီး ကီလိုဂရမ် ၄၀ လောက် အလေးချိန်ရှိတဲ့ ကိုကင်းတွေကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက သိမ်းဆည်းရမိခဲ့ပြီး အဲဒီတုန်းကရော၊ နောက်ထပ် ၅ လအကြာမှာ ပြုလုပ်တဲ့ စစ်ဆေးမှုတွေမှာပါ ကိုကင်း အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ဖီဂျီရဲ့ တရားရုံးချုပ်က အမှုကို ကိုင်တွယ်ပြီး ကိုကင်းတွေကိုလည်း သက်သေခံ ပစ္စည်းတွေ ထားရှိရာ နေရာမှာ သိမ်းဆည်းထားစေခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃၀ မှာတော့ ရဲတပ်ဖွဲ့ အကြီးအကဲ ရူဆီယက်တီ တူဒရာဗူက အဲဒီကိုကင်းတွေထဲက တချို့ပျောက်ဆုံးပြီး ကျန်တာတွေကလည်း ဂျုံမှုန့်နဲ့ အစားထိုး လဲလှယ် ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီအကြောင်းကို သိရှိလာတဲ့နောက် ရဲတပ်ဖွဲ့ဟာ လဆန်းပိုင်းကစပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

ရဲတွေဟာ ကိုကင်းထုပ် ၃၉ ခုထဲက ၇ ထုပ် ပျောက်ဆုံးနေတာကို သတိပြုမိပြီး စစ်ဆေးခဲ့ရာက ကျန်တဲ့ အထုပ်တွေမှာပါ ဂျုံမှုန့်တွေနဲ့ အလဲခံထားရမှန်း သိလာရတာ ဖြစ်ပါတယ်။ အမှုနဲ့ ပတ်သက်တဲ့ ကိုကင်းတွေကတော့ အဲဒီအခန်းထဲမှာ လုံးဝ မကျန်တော့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သက်သေပစ္စည်း သိမ်းဆည်းရာ အခန်းထဲမှာ တခြားအမှုတစ်ခုနဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးတွေလည်း ပျောက်ဆုံးနေကြောင်း တူဒရာဗူက ပြောကြားခဲ့ပါတယ်။

ဆူဗာမြို့ တရားရုံးချုပ်ကနေ ကိုကင်းတွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းဟာ စိုးရိမ်စရာ ကောင်းသလို နိုင်ငံအတွက် အရှက်လည်း ရစရာ ဖြစ်လာတယ်လို့ ဆီတီဗန်နီ ရာဘူကာကလည်း ဝေဖန်ခဲ့ပါတယ်။ အခုပျောက်ဆုံးနေတဲ့ ကိုကင်းတွေဟာ ဖီဂျီ-ကနေဒါနွယ်ဖွား ဂျိုရှူဝါ အဇစ်ဇ် ရာမန်ရဲ့ ကာလရှည်ကြာ အမှုနဲ့ ဆက်စပ်တဲ့ သက်သေခံ ပစ္စည်းတွေ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်း တူးဆွပြီး ဖော်ထုတ် အရေးယူဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။ တူဒရာဗူကတော့ အခုကိစ္စအတွက် အဓိက မသင်္ကာစရာ ဖြစ်နေသူ ၆ ဦးကို ထိန်းသိမ်းပြီး စုံစမ်းမေးမြန်းနေတယ်လို့ ပြောပါတယ်။

လွှတ်တော်ဆီ အစီရင်ခံချိန်မှာ တရားရေး ဝန်ကြီး ဆီရိုမီ တူရာဂါကလည်း တရားရေးဆိုင်ရာ အမြင့်ဆုံး အဆောက်အအုံ တစ်ခုကနေ မူးယစ်ဆေးတွေ ပျောက်ဆုံးသွားတဲ့ ကိစ္စဟာ တုန်လှုပ်စရာ ကောင်းကြောင်း၊ ပြစ်မှုထင်ရှားသူ မှန်သမျှကို စစ်ဆေး အရေးယူသွားမှာဖြစ်ကြောင်း တင်ပြသွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတရဲ့ အထူးလုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတွေက အဲဒီ အဖြူမှုန့်တွေကို ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို လုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖုန်းတွေ ယာယီ ထိန်းသိမ်းလေ့ရှိတဲ့ နေရာက ကတ်ထူစက္ကူ ပုံးတစ်လုံးထဲမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

Facebook